GSXR 1000 ဟာ 2005, 2006 မှာအလွန်ပေါက်ခဲ့ပြီး 2007 နဲ့ 2008 မှာတော့ Hydraulic Clutch (အရပ်အခေါ် ဆီကလပ်) နဲ့ပြောင်းလဲထုတ်ခဲ့ပါတယ်။ ဒါပေမယ့် Riders တွေရဲ့ Feedback အရ ကလပ် Feeling မရှိတဲ့အတွက် 2009 က
စပြီး ရိုးရိုး ကြိုးကလပ်ပဲပြန်သုံးခဲ့ပါတယ်။
ဘော်ဒီဒီဇိုင်းအရသိပ်ပြီးပြောင်းလဲမှု မရှိပေမယ့် 2007 ကနေ 2011 အထိ Dual Sided Exhaust ပြောင်းကြီး ၂ပြောင်းကိုသုံးခဲ့ပါတယ်။ 2012 မှအခုလက်ရှိအထိ Single Sided Exhaust ပြောင်း တစ်ပြောင်းတည်းကိုပဲအသုံးပြုထားပါတယ်။
GSX R1000 ဟာ 2005,2006 မှာ အကောင်းဆုံး Superbike ဖြစ်ခဲ့ပေမယ့် 2008 မှာတော့ အသစ်ထွက်လာတဲ့
Honda ရဲ့ CBR1000RR ကိုလက်လွှဲပေးခဲ့ရပါတယ်။
2009 ခုနှစ်မှာ Yamaha R1က Crossplane Crankshaft အင်ဂျင်နဲ့ထွက်လာခဲ့ပြီး နာမည်ကြီးခဲ့ပါတယ်။ 2011 မှာတော့ Kawasaki က ZX10R ကို နည်းပညာနဲ့ Performance အချိုးကျစွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဈေးကွက်မှာရော WSBK မှာပါ Championship စပြီးဖြစ်ခဲ့ပါတယ်။ Suzuki GSXR 1000 ဟာ 2013 ကနေ 2016 အထိ ဘော်ဒီ ဒီဇိုင်း၊ နည်း
ပညာ နဲ့ Performance တွေပါ တိုးတက်ထုတ်လုပ်နိုင်ခဲ့တဲ့ အခြား Superbike ထုတ်လုပ်သူတွေကို မယှဉ်နိုင်ခဲ့ပါဘူး။ 2015 မှာ MotoGP
ကာလာနဲ့ထုတ်ခဲ့ တဲ့အတွက် ရောင်းအားတက်လာတော့တွေ့ရပါတယ်။
Old School နည်းပညာ
Old School ဒီဇိုင်းနဲ့ပဲ ကျေနပ်နေတယ်လို့ ဝေဖန်ခံခဲ့ရတဲ့ GSXR 1000 ဟာ 2017 အတွက် နည်းပညာအသစ်တွေနဲ့မိတ်ဆက်လာတာကိုတွေ့ရပါတယ်။ 2017 မှာတော့ Throttle by Wire System, Traction Control, Launch
Control, Ride Mode, Suzuki Exhaust Tuning Alpha, Up & Down Quick
Shifter နဲ့ အသစ် လွင်ဆုံး နည်းပညာတစ်ခုဖြစ်တဲ့ VVT ခေါ် Variable
Valve Timing System တွေ နဲ့ပွဲထုတ်ထားတာတွေ့ရပါတယ်။ GSXR 1000 ရဲ့ VVT စနစ်ဟာ အခြား စနစ်တွေလို Hydraulically အလုပ်လုပ်တာမဟုတ်ပါဘူး။ Centrifugal Force နဲ့ပဲ
အလုပ်လုပ်တာပါ။ အတွင်းမှာ Steel Balls လေးတွေရှိပြီး သက်မှတ် RPM
ကိုရောက်တဲ့အခါမှာ Steel Balls လေးတွေက စုနေရာမှ ဘေးဘက်ကိုကားထွက်
လာပြီး Gear ကို Engage လုပ်လိုက်တဲ့ပုံစံပါ။ အဲ့ဒီ Gear
နဲ့ဆက်သွယ်ထားတဲ့ Cam Profile က Valves တွေကို ဖိချပြီး Valves
ပွင့်ချိန်ကိုပိုပြီးကြာစေပါတယ်။
( ရိုးရိုး Cam Profile နဲ့ VVT Cam Profile ဆိုပြီး Cam Profile ၂ခုရှိတာပေါ့။)
Suzuki ရဲ့ နည်းပညာကိုလေ့လာကြည့်တဲ့အခါမှာ Failure ဖြစ်ဖို့ ပျက်ဖို့ ခဲယင်း တာကိုတွေ့ရပါတယ်။ Ducati နဲ့ ကားတွေမှာတွေ့ရတဲ့ Hydraulic စနစ်နဲ့ အလုပ်လုပ်တာမဟုတ်ပဲ ရိုးရိုးရှင်းရှင်း Mechanism နည်းနဲ့ပဲဖွဲ့စည်းတည်ဆောက်ထားပါ။ VVT ရဲ့ အားသာချက်တွေကိုတော့အကျယ်တဝင့်ရှင်းပြမနေတော့ပါဘူး။ အားလုံးသိပြီးသားလို့ပဲယူဆပါတယ်။ SET-A ဆိုတာက Exhaust Header Pipes ၄ခုမှာ ၂ခုစီကို ဆက်ထားပြီး Butterfly Valve လေးနဲ့အဖွင့်အပိတ်လုပ်တာပါ။
ထုံးစံအတိုင်း Low နဲ့ Mid မှာ တစ်ဝက်တစ်ပျက်ပိတ်စေပြီး High RPM
မှာ ပွင့်စေပါတယ်။ Low နဲ့ Mid မှာ Torque အားကောင်းစေပြီး High
မှာ Top End Power
ကိုကောင်းစေတာပေါ့။ကျန်တာတွေကတော့အခုနောက်ပိုင်း Superbike
တွေမှာ တွေ့နေကြဖြစ်လို့ သိပြီးသားလို့ယူဆပါတယ်။ 2017 မော်ဒယ် GSXR
1000 ဟာ 2015 EICMA ပြပွဲမှာ Concept မော်ဒယ်အဖြစ်
မိတ်ဆက်ထားရုံသာရှိသေးတဲ့အတွက် Dimensions, Performance စတဲ့
အသေးစိတ်Specs များကိုတော့မသိရသေးပါဘူး။ ယခုနှစ် 2016 EICMA မှာတော့ V Strom 650, GSXR 125Abs နဲ့GSX S750 တို့ကိုမိတ်ဆက်သွားပါတယ်။
အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ
Sharing knowledge is developing mankind
Lawrence Peace
နောက်ထပ် သတင်းအသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်
နောက်ထပ် သတင်းအသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်
No comments:
Post a Comment