ပါဝါ CC ဆိုတာကိုအတွင်းကျကျရှင်းပြခြင်းနှင့် ဆိုင်ကယ်အမျိုးစားခွဲခြားခြင်း (by Ko Myo Zaw Oo)

March 17, 2017

CC Cubic Centimeter,အလျား×အနံ×အမြင့် တစ် စင်တီမီတာ စီ ရှိသော အံစာတုံးပုံ ထုထည်ပမာဏ ကို ဆိုလိုတာပါ။ 1000cc=1 Liter(ေ၇သန့်တစ်ဗူးစာပမာဏ)ပါ။ဘာကို ဆိုလိုချင်တာလဲဆိုရင် 1000cc ရှိတဲ့ engine ရဲ့ swept volume(piston အတက်အဆင်း လုပ်နေတဲ့နေရာ ) နေရာကို ရေနဲ့သာလိုက်ဖြည့်ကြည့်မယ် ဆိုရင် ရေသန့်တစ်ဗူးစာပမာဏ ရှိတဲ့ေ၇တွေ ဖြည့်လို့ရပါမယ်။ ၄ လုံးထိုး ၁၀၀၀cc ဆိုရင် piston တွေထုတ်၊piston အတက်အဆင်းလုပ်တဲ့နေရာလေးတွေကို ဖော့နဲ့ ပိတ်ပြီး ရေလိုက်ဖြည့် တစ်လုံးကို 0.25 liter နှုန်းနဲ့ လေးလုံးပြည့်တဲ့အချိန်မှာ 1 liter အကုန်ပါပဲ။အဲဒါကို engine ရဲ့ displacement. လို့ခေါ်ပါတယ်။engine power နဲ့ ဘာမှ မဆိုင်ပါဘူး။သူ့ရဲ့ အကောင် size ကိုအကြမ်းဖျင်းပြောတာပါ။လူနဲ့ ဥပမာပေးရရင် ဒီကောင် အရပ် ၅ ပေ။ဒါပဲပြောလိုက်တာပါ။ပိန်တာ၊ ဝတာ၊ သန်တာ၊မသန်တာ ဘာကိုမှ ညွှန်းဆိုမထားပါဘူး။ဒါပေမယ့်သေချာတာကတော့ အရပ် ၃ ပေလောက်ပဲ ရှိတဲ့ ကလေးတစ်ယောက်ထက်တော့ အားသန်မယ်။ အပြေးမြန်မယ် ဒါတော့ မှန်းကြည့်လို့ ရလောက်ပါတယ်။
cc က ဒါပဲ။ပြီးမှ hp တို့ torque တိုနဲ့ ဆက်ညွှန်းပါတယ်။ 100 hp @7000rpm,10 kg-m @6000rpm စသည်ဖြင့်ပေါ့ဗျာ။အဲဒီကျမှစတာပဲ ဒီကောင် ၅ပေ၊ဒါပေမယ့် weight မထားတော့ muscle တွေနဲ့ အားသန်တယ်။ဟိုကောင်ကတော့ ၅ပေပဲ ဒါပေမယ့် ပိန်ပိန်ပါးပါး အပြေးတော့ သန်တယ်ဆရာ။အဲဒါတွေကျမှ အရည်အသွေးပြကြတာပဲ။ဆိုင်ကယ်ရဲ့ ဖွဲ့စည်းပုံနဲ့ အသုံးပြုမှုအပေါ်မူတည်ပြီး engine တွေ design ထုတ်ကြရတာပါပဲ။အပြေးလား၊အကြမ်းလား၊မြို့တွင်းလား၊ခရီးဝေးလား စသည်ဖြင့်ပေါ့။

အဲဒီမှာတစ်ခါ ဆိုင်ကယ် Class တွေ သိဖို့လိုလာပြန်တယ်။အကြမ်းအားဖြင့် ကျွန်တော် ခွဲပြပါ့မယ်။

SCOOTER
အခုလက်ရှိ click,fino,wave,zoomer,dream,X1,speed,tina,nova,sonic အားလုံးဟာ scooter ပါ။မြို့တွင်းကို သက်တောင့်သက်သာနဲ့ ယောင်္ကျား မိန်းမ မရွေး အလွယ်တကူ သွားနိုင်အောင် ရည်ရွယ်ထုတ်လုပ်ပါတယ်။engineသေးသေး၊ဆီစားသက်သက်သာသာ ရည်ရွယ်ချက်က ဒါပါပဲ။

AMERICAN(EASY)
မြန်မာတွေ ကတော့ easy ဘီးလို့ခေါ်ကြတာပေါ့။ခရီးဝေးကို သက်တောင့်သက်သာနဲ့ သွားနိုင်အောင်ဖန်တီးထားတဲ့ Cruiser ကြီးတွေပါ။steed,shadow,Vulcan,intruder,dragster,harleyများ ပါပဲ။ခရီးဝေးတွေကို သက်တောင့်သက်သာ စတိုင်ကျကျနဲ့အကြာကြီးစီးနိုင်အောင် ခြေဆန့် လက်ဆန့် စီးလိုရအောင် ဖန်တီးပေးထားပါတယ်။displacement ကြီးကြီးနဲ့ torque များများ၊cooling efficiency ကောင်းကောင်းနဲ့ပေါ့။

TOURER
သူလည်း ခရီးသွားဖို့ပါပဲ။ဒါပေမယ့်မြန်မြန် ဆန်ဆန် ရောက်ချင်တဲ့လူတွေအတွက် speed ကောင်းကောင်း အထုပ်အပိုးတွေအတွက် နေရာတွေနဲ့ အတူ လက်ကိုင်မြင့်မြင့်၊နှစ်ယောက်စာခုံနဲ၊လေကာမှန်တွေ၊အပူပေးစနစ်တွေနဲ့ပေါ့။Goldwing,Katana,Ninja,FJR,K1600GT,Pan Europe,Deauville တို့ပဲ ဖြစ်ပါတယ်။

OFF ROAD
လမ်းကြမ်းစီးဖို့ပါပဲ။ပေါ့ပေါ့ပါးပါး၊ ground clearance များများ၊ရှော့ဘား ကောင်းကောင်နဲ့ပေါ့။ပေါ့ပါး သွက်လက် ဖို့ကိုပဲ အဓိကထားပါတယ်။DT,CRM,RMZ,KDX,Baja,Serrow,Tricker တွေပေါ့။

RACER REPLICA
companyတွေက ပွဲဝင်ပြိုင်တဲ့ ဘီးတွေကို အပြင်လူတွေလည်း စီးပါစေတော့ ဆိုပြီးပုံစံတူ၊ အရည်အသွေး နည်းနည်း လျှော့ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။အပြေးဆုံး class ပဲပေါ့ Aerodynamic ဖြစ်အောင် လက်ကိုင်နှိမ့်၊foot pag မြှင့်ထားတော့ ရေရှည် မစီးနိုင်ဘူး ညောင်းလို့။CBR,GSX,YZF,ZXR,SS1000R,F4 အစရှိသဖြင့်ဖင်ကုန်းပြီး စီးရတဲ့ ဖင်ကုန်းဘီးတွေပေါ့။

NAKED
racer replica တွေနဲ့ engine တူတာများပါတယ်။စွမ်းဆောင်ရည်လည်း တူပါတယ်။handle bar နဲ့ဖြစ်သွားတယ်၊fairing(cover)တွေချွတ်ပစ်လိုက်တယ်။ဖင်ထိုင်ခုံ two step မဟုတ်တော့ပဲ တစ်ဆက်တည်းဖြစ်သွားတယ်။cover မပါတော့တဲ့အခါ engine ကို ပြောင်ပြောင်လက်လက် ဖြစ်အောင် လုပ်ပေးထားတယ် ။ ပြေးတာကတော့ ပြေးတာပဲ။CB4,INAZUMA,XJR,ZEPHYR,MONSTER. တို့ပဲဖြစ်ကြပါတယ်။

နောက်ပိုင်းထပ်ထွက်လာတဲ့ class တွေက Sport touring
(Hayabusa,Concord,K1300S) နဲ့ Adventure Class(R1200 GS,Tiger,Tenere)တို့လည်းထပ်ထွက်လာပါတယ်။ဆိုလိုချင်တာက သူ့အသုံးနဲ့သူပါ။ RacerReplica နဲ့Scooter ဘယ်ဟာ ပိုပြေးလဲ ဆိုတာတို့၊Off road နဲ့ Naked ပြိုင်ဆွဲမလား ဆိုတာတွေဟာ သဘာဝ မကျလို့ပါ။
အခုလည်း ဆိုင်ကယ် ချစ်ရင် ဋ္ဌာန်ကရိုင်းကျကျ ချစ်တတ်အောင် ရှင်းပြရတာပါ။
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတ နဲ့ ပြည့်စုံပါစေ။
by Myo Zaw Oo

နောက်ထပ် သတင်အသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်

No comments:

Post a Comment

 
Designed BY Myanmar MotorCycle