MTT,Y2K. 185000$ကျော်ကျမှာဖြစ်တယ် 400km/hr
MTT ,Marine Turbine Technology
Y2K, Year 2000
သက္ကရာဇ် ၂၀၀၀ ပြည့်မှာစထွက်ခဲ့တဲ့ Jet engine တပ်
မော်တော်ဆိုင်ကယ်ပါ။သူ့ရှေ့မှာ ဆိုင်ကယ် ပေါ်ကို jet engine တွေ
တင်ခဲ့ကြပေမယ့် jet တွန်းကန်အားနဲ့ မောင်းကြပြီး သူ့ကျမှ gear နဲ့ chain
နဲ့ ချိတ်ဆက်ပြီး မောင်းပါတယ်။Gear 2ချက်ပါပြီး ပထမ ဂီယာနဲ့ 110km
လောက်တင်နိုင်ပြီး ဒုတိယ ဂီယာနဲ့ကတော့ 400km အထိမောင်းနိုင်ပြီး အဲဒီ speed
မရရင် ဘီးတန်ဘိုး ဒေါ်လာ 185000 ပြန်ပေးမယ်လို့ ဆိုပါတယ်။1999 မှာ Louisiana ပြည်နယ်ရှိ စက်ရုံကနေပြီး CEO Ted McIntyre ဦးစီးပြီး
ထုတ်ခဲ့ပါတယ်။
Bell jet ranger helicopter ရဲ့ C18 engine ကို သုံးပြီး
ထုတ်ခဲ့တာပါ။320 hp,425 lb~ft torque ရှိပါတယ်။320 hp engine နဲ့ အင်ဂျင်က
62 kg ပဲ ရှိတဲ့ weight ကြောင့် high power to weight ratio ရှိတဲ့ ဘီး
တစ်စီးဖြစ်လို့နေပါတယ်။ဘီး တစ်စီးလုံးရဲ့ အလေးချိန်ကတော့ 208.7 kg
ရှိပါတယ်။လေယာဉ်ဆီ အလွယ်တကူ ဝယ်မရမှာစိုးတာကြောင့် engine ကို diesel နဲ့
မောင်းလို့ရအောင်လည်း လုပ်ထားပါတယ်။နောက်ကြည့်မှန်အစား back cam နဲ့
monitor display ထည့်ပေးထားပါတယ်။0~200 mile/hr အရှိန်ကိုလည်း 15 sec
အတွင်း ရောက်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ 4 stroke,2 stroke
reciprocating engine တွေဟာ အပတ်ရေများလာလေ အပမ်းကြီးလာလေ စွမ်းရည်ကျလာလေ
ဖြစ်တတ်ပေမယ့် jet engine ကတော့ အပတ်ေ၇များလာလေ စွမ်းရည်ပိုတက်လာလေ လို့
ဆိုပြီး happy to run လို့ တင်စားကြပါတယ်။ဒါပေမယ့် ခုချိန်ထိ Y2K ကို
ပြိုင်ပွဲတွေမှာ မတွေ့ရသေးတာ ကတော့ jet engine ဖြစ်နေတာကြောင့်ရယ်
နောက်တစ်ချက်က jet lag ရှိတာကြောင့်ရယ်ပါ။jet lag ဆိုတာ လီဗာ ဆွဲပေမယ့်
ချက်ချင်းမပြေးတာလို့ပဲ ဆိုကြပါစို့။turbine operate လုပ်တဲ့ jet engine
တွေ၊turbo charger တွေမှာ အဲဒီပြဿနာ ရှိပါတယ်။တဖြည်းဖြည်းချင်းမြန်လာတာ
မှန်ပေမယ့် ဆတ်ခနဲ ဆွဲလို့ မတက်ပါဘူး။ပြိုင်ပွဲ အကွေ့အကောင်တွေမှာ
ဘရိတ်အုပ်လိုက်၊ လီဗာဆွဲလိုက်မှာ ဒီကောင်ကြီး SBK တွေကို
ယှဉ်မရသေးပါဘူး။သူ့ဟာသူ လေယာဉ်ကွင်းအဟောင်းတွေထဲသွားပြီး
အဖြောင့်ဆွဲရင်တော့ 427 km/hr တောင်ရတယ်လို့ ပြောပါတယ်။ ကျွန်တော်ကတော့
jet engine ဖြစ်နေတာကြောင့် ဆိုင်ကယ် လို့ ခံစားလို့မရပါဘူး။သူတို့ဆီက
ပိုက်ဆံပေါတဲ့လူတွေကတော့ ဂျက်အင်ဂျင် သံကြီးကြောင့် လူငေးခံချင်လို့
ဝယ်စီးကြမှာပေါ့။
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတ နဲ့ ပြည့်စုံကြပါစေ။
Ko Myo Zaw Oo
အောက်တွင် ဗီဒီယိုကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ
နောက်ထပ် သတင်းအသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်
No comments:
Post a Comment