Custom Bike ပြိုင်ပွဲစည်းကမ်းချက်များ
- အရေးကြီးဆုံး စည်းကမ်းချက်မှာ ယှဉ်ပြိုင်ရန် စာရင်းပေး ဝင်ခွင့်ကဒ် ရရှိထားသော custom bike နှင့် MC club မှ ဝင်ခွင့်ကဒ် ရရှိထားသော ဆိုင်ကယ်များကိုသာ ကွင်းအတွင်း ဝင်ခွင့်ရရှိပါမည်။
- 22.3.2017 ည စာရင်းပိတ်ပြီးမှ ရောက်ရှိလာသော မည်သည့်ဆိုင်ကယ် / ဝင်ခွင့်ကဒ် မရှိသော မည်သည့် MC မှ ဆိုင်ကယ်များ / ပွဲ လာကြည့်ချိန် စီးလာသော မိမိတို့၏ မည်သည့် တန်ဖိုးကြီး ဆိုင်ကယ်ကိုမျှ ဝင်ခွင့်ပေးမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
- နေရာအခက်အခဲများရှိပါသဖြင့် အနူးအညွတ် တောင်းပန်အသိပေးပါသည်။
ယှဉ်ပြိုင်မည့် Custom Bike များလိုက်နာရန်
- ပွဲနေ့ ညနေ 3:30pm မှ စ၍ ဆိုင်ကယ်များအားလုံး ဝင်ခွင့်ပေးပါမည်
- Custom bike များအားလုံး စက်နှိုး မောင်းနှင်နိုင်မှသာ ဆုအတွက်ထည့်သွင်းစဉ်းစားပါမည်
- ပြိုင်ပွဲပြီးဆုံးချိန် ဆုချီးမြှင့်ချိန် ရှိနေသော custom bike များသာ ဆုရရှိမည်ဖြစ်ပါသည်
ကံစမ်းမဲ စည်းကမ်းချက်များ
- Custom bike များသာ ကံစမ်းမဲ ခံစားခွင့်ရှိပါသည်
- ပြိုင်ပွဲဝင် ကဒ် ( bike card + owner card ) + ပြိုင်ပွဲဝင်ဆိုင်ကယ် + bike ပိုင်ရှင် အစစ်မှန် အားလုံးပြည့်စုံမှ ကံစမ်းမဲ ပေါက်မှ ရရှိနိုင်ပါမည်
- တစ်ခုခု လိုအပ်ပါက လုံးဝထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သိစေအပ်ပါသည်
အနှေးစီးပြိုင်ပွဲစည်းကမ်းချက်များ
- စာရင်းပေးထားသောCustom Bike ပိုင်ရှင်နှင့် စာရင်းပေးထားသော MC မှ riders များသာ အနှေးစီး ပါဝင်ယှဉ်ပြိုင်ရပါမည်
- အခြားမည်သူ့ကိုမှ အနှေးစီး ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပေ
- ပွဲမှသတ်မှတ်ပေးထားသော bike ဖြင့်သာ ပြိုင်ရမည်ဖြစ်ပါသည်
- တာထွက်မှပန်းဝင်အထိ ခြေမထောက် ဘဲ အနှေးဆုံး မောင်းနိုင်သူသာ အနိုင်ရရှိမည်ဖြစ်ပြီး ရှုံးထွက် ပြုလုပ်၍ နောက်ဆုံး ၂ ယောက်သာ ပ ဒု ရွေးချယ်ပါမည်
- ဝင်ခွင့်ကဒ် များဖြင့် Quality အထူးကောင်းမွန်သော custom bike show T shirt နှင့် ( Beer+Snack ) free ထုတ်ယူနိုင်မည်ဖြစ်ပါသည်
- Custom bike ပြိုင်ပွဲအတွက် ဒိုင်များ၏ ဆုံးဖြတ်ချက်သာ အတည်ပြုမည်ဖြစ်ပြီး စနစ်တကျသေချာရွေးချယ်ထားသော ဒိုင်အဖွဲ့မှ စိစစ်ရွေးချယ်ပါမည်
မှတ်ချက် - custom bike မဟုတ်သော / MC များမှ မဟုတ်သော မည်သည့် တန်ဖိုးကြီးဆိုင်ကယ် များအားလုံး ဝင်ခွင့်ကဒ် ထုတ်ပေးမည် မဟုတ်ပါ*
Mandalay Custom Bike 3 ပြိုင်ပွဲဝင် ဆုကြေးများကတော့
250CC အထက်
ပထမဆု ၃၀၀၀၀၀ကျပ်/ ဒုတိယဆု ၂၀၀၀၀၀ကျပ်/ တတိယဆု ၁၅၀၀၀၀ကျပ်/ စတုထဆု
၁၀၀၀၀၀ကျပ်/ပဉ္စမဆု ၇၀၀၀၀ကျပ်
250CC အောက်
ပထမဆု ၃၀၀၀၀၀ကျပ်/ဒုတိယဆု၂၀၀၀၀၀ကျပ်/တတိယဆု ၁၅၀၀၀၀ကျပ်/စတုတဆု ၁၀၀၀၀၀ကျပ် /ပဉ္စမဆု ၇၀၀၀၀ကျပ် နှင့် အနှေးစီး ပြိုင်ပွဲ ပထမဆု ၁၀၀၀၀၀ ကျပ်ဒုတိယဆု ၅၀၀၀၀ကျပ် တို့ကို
ပေးအပ်ချီးမြင့်သွားမှာဖြစ်ပြီး
ငွေကျပ် (၁၅ ) သိန်း တန်ဖိုးရှိ
ဆု(၈) ခုကို လည်း ကံစမ်းမဲ ဖောက်ပေးသွားမှာဖြစ်ပါတယ် ခင်ဗျား
Credit Mandalay Custom Bike
မန္တလေးမှာ Mandalay Custom Bike 2 ဆိုင်ကယ်ပြပွဲ ဒုတိယအကြိမ် ကျင်းပ ခဲ့သည့် ဗွီဒီယိုကိုအောက်တွင်ကြည့်၇ှူနိုင်ပါသည်
နောက်ထပ် သတင်းအသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်
No comments:
Post a Comment