ဘာလင်အခြေစိုက် ဂျာမန်ကားကုမ္ပဏီ BMW ရဲ့ မော်တော်ဆိုင်ကယ် ဌာနခွဲဖြစ်တဲ့ BMW Motorrad ဟာ ၎င်းတို့ရဲ့ နာမည်ကျော် S1000RR ကို
မထုတ်နိုင် ခင်မှာ ဂျပန် Superbike တစ်စီးကို Reverse Engineering
လုပ်ခဲ့ရပါတယ်။ ဒီသတင်းဟာ BMW Motorrad ရဲ့ အတွင်းလူများထံမှာကြားသိခဲ့ရတာဖြစ်ပြီး BMW က အတိအလင်းကြေငြာခဲ့တာမဟုတ်ပါဘူး။ ကြေငြာမှာလည်းမဟုတ်ပါဘူး။ ဂျာမန် အင်ဂျင်နီယာတွေ Reverse Engineering လုပ်နိုင်ရအောင် ဂျပန် ဆိုင်ကယ်တွေက Quality ကောင်းရဲ့လား လို့မေးလာရင်... သိပ်ကောင်းတာပေါ့လို့ ဖြေလို့ရပါတယ်။
အဓိကကတော့ Reliability ဆိုတဲ့ ယုံကြည်စိတ်ချရမှုမှာ ဂျပန်ဆိုင်ကယ်တွေကို ဘယ်နိုင်ငံကမှ မမှီပါဘူး။ ဥရောပဆိုင်ကယ်တွေဟာ
ဂျပန်ဆိုင်ကယ်တွေထက် Performance နဲ့ Luxury Aids တွေမှာ သာပေမယ့်
ကာလတာရှည် Reliable ဖြစ်မှု နဲ့ Maintenance
နည်းပါးမှုတွေမှာတော့ယှဉ်လို့မရပါဘူး။ (ဥရောပဘီးတွေဟာ Factory
Setting မှာကတည်းက Performance ကောင်းကြပါတယ်။ ဒါပေမယ့်
မိမိစိတ်ကြိုက် Tuning လုပ်နိုင်တဲ့နေရာမှာတော့
ဂျပန်ဘီးတွေကပိုသာပါ တယ်။) ဒီအချက်တွေကြောင့်ပဲ Superbike လောကမှာ
ဂျပန်ဘီးအများစုက စိုးမိုးနိုင်တာပါ။ ကုမ္ပဏီ ရဲ့ ဓန အင်အား
တောင့်တင်းခိုင်မာမှု၊ ပြိုင်ပွဲတွေမှာ အနိုင်ရပြီး
ဗိုလ်စွဲနိုင်မှုတွေဟာ ဆိုင်ကယ်တွေကို Build Quality
ကောင်းကောင်း၊ ဈေးသက်သက်သာသာနဲ့ Performance ကောင်းစွာ
ထုတ်လုပ်နိုင်စေပါတယ်။ Honda လည်း တစ်ချိန်က British ဘီးတွေကို
Reverse Engineering လုပ်ခဲ့ရတာ ပဲလေ။စစ်ပြီးခေတ် ၁၉၄၇ နဲ့ ၁၉၄၈
ခုနှစ်တွေမှာ Triumph နဲ့ BSA ဘီးတွေကို Reverse Engineering လုပ်
ခဲ့ကြပါတယ်။ Reverse Engineering လုပ်ခြင်းဖြင့် စက်ပစ္စည်းတစ်ခုရဲ့
ကောင်း ကွက် ဆိုးကွက် အားသာချက် အားနည်းချက်တွေ ကိုသိပြီး
မိမိရဲ့စက်ပစ္စည်းကို အားနည်းချက်တွေရှောင်ပြီး အကောင်းဆုံး
ထုတ်လုပ်နိုင်ပါတယ်။ ဒါကတော့ Reverse Engineering
ပြုလုပ်ခြင်းရဲ့ရလဒ် တွေပေါ့။ အဲ့ဒါကြောင့် BMW Motorrad က လက်ရှိ
Superbike Class မှာ အောင် မြင်နေတဲ့ ဂျပန်ဘီးတွေကို
အာရုံကျခဲ့တာမဆန်းပါဘူး။ BMW Motorrad ဟာ သူတို့ရဲ့
မော်တော်ဆိုင်ကယ် Category မှာ လစ်ဟာနေတဲ့ Superbike Class
ကိုထုတ်လုပ်ဖို့ Project ကို ၂၀၀၅ မှာစတင်ခဲ့ပါတယ်။ ဆိုတော့ကာ
ဒီအတိုင်း ရမ်းသမ်းထုတ်လိုက်လို့မဖြစ်ပါဘူး၊ ဈေးကွက်မှာမပေါက်ပဲ
ပလုံသွားနိုင်ပါ တယ်။ အဲ့ဒါကြောင့်အဲ့ဒီအချိန်
ဈေးကွက်မှာနာမည်ကြီးနေတဲ့ ဂျပန် Superbike ၄စီး ဖြစ်တဲ့ Honda
CBR1000RR, Yamaha R1, Kawasaki ZX10R နဲ့ Suzuki GSX R1000 တွေကို
စဉ်းစားခဲ့ကြပါတယ်။
BMW ဟာ အီတလီရဲ့ MV Agusta F4 နဲ့ Ducati L
Twin တွေထက် ဂျပန် Inline 4 Superbike တွေကို ဘာကြောင့်
မျက်စိကျခဲ့ရတာလဲဆိုတာ မေးစရာဖြစ်လာ ပါတယ်။ ပထမအချက်ကတော့
ဂျပန်ဘီးတွေဟာ အပေါ်ကပြောခဲ့သလိုပဲ Reliable, Maintenance နဲ့
Performance အချိုးကျမှုတွေမှာ အကောင်းဆုံးအနေ
အထားရှိကြပါတယ်။ ဒုတိယအချက်ကတော့ Inline 4 Cylinder အင်ဂျင်တွေရဲ့ High End Top Speed နဲ့ Acceleration တွေရဲ့ အဓိကအားသာချက်ကြောင့်ဖြစ် ပါတယ်။ Ducati ရဲ့ L Twin အင်ဂျင်ဟာ Torque အား အလွန်ကောင်းပေမယ့် High End Power မှာတော့ Inline 4 Cylinder အင်ဂျင်တွေကို မမှီပါဘူး။ ( Torque အားကောင်းတဲ့အတွက် အရှိန်လျှော့ပြီး ပြန်တင်ရာမှာ ခဏလေးနဲ့ Top Speed ကို ရောက်ပေမယ့် Top Speed ရဲ့ အလွန် Acceleration မှာတော့ Inline 4 တွေ ကိုမမှီပါဘူး။ အကွေ့အကောက်များတဲ့ လမ်းတွေမှာ L Twin က သာနိုင်ပေမယ့် လမ်းဖြောင့်ပေါ်မှာ ဂီယာကုန် လီဗာကုန်မောင်းကြတဲ့အခါ Inline 4 က တစ်ဖြည်းဖြည်းနဲ့ကျော်တက်သွားမှာပါ။) အဲ့ဒါတွေကြောင့် BMW က Inline 4
Cylinder အင်ဂျင်ကိုပဲ ရွေးချယ်ခဲ့တာပါ။ MV Agusta ရဲ့ F4 ကို
မရွေးချယ်ရခြင်း အကြောင်းကတော့ F4 ရဲ့ Radial Valves အင်ဂျင်ဟာ ရိုးရိုး Pent Roof Valvesတွေနဲ့ Performance မှာ သိသိသာသာကြီး မခြားနားတဲ့အပြင် ပျက်စီးနိုင်ခြေလည်းများပြားပြီး Maintenance လည်း များပြားလို့ပါ။ အဲ့ဒါကြောင့် BMW
ဟာ ၎င်းတို့ရဲ့ Superbike Project အတွက် ဂျပန် Inline 4 Cylinder Superbike
တွေ ကိုပဲ Reverse Engineering လုပ်ဖို့ရွေးချယ်ခဲ့ကြပါတယ်။
ပထမဆုံးအနေနဲ့ ဂျပန် Superbike ဖြစ်တဲ့ Honda ရဲ့ နာမည်ကြီး Fireblade
ခေါ် CBR1000RR ကိုလေ့လာကြည့်ကြပါတယ်။ CBR1000RR ဟာ 1992 မှာစတင်ထုတ်လုပ်ခဲ့တဲ့ Honda ရဲ့ ပထမဦးဆုံး Superbike ဖြစ်တဲ့ CBR900RR ကနေ ဆင်းသက်လာတာပါ။ CBR900RR ဟာ Honda ရဲ့ အောင်မြင်ခဲ့တဲ့ CB750
Inline 4 Cylinder အင်ဂျင်ကို အခြေခံပြီးတည်ဆောက်ထားတာပါ။ 893cc, Inline 4 Cylinders, Liquid Cooled, Keihin Carburetor လေးလုံးတွဲနဲ့ CBR900RR ဟာ Honda ရဲ့ ပထမဦးဆုံး Superbike တစ်စီးဖြစ်ခဲ့ပါတယ်။ 1992 မှ 2003 အထိ CBR900RR, CBR919RR, CBR929RR, CBR954RR တို့ကို အဆင့်ဆင့်တိုးတတ်ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။ 2004 ခုနှစ်မှာတော့ မျိုးဆက်သစ် Superbike အဖြစ် CBR1000RR ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ 2005 မော်ဒယ် CBR1000RR ဟာ Fireblade Superbike မျိုးဆက်မှာတော့ ၇ ဆက်မြောက်မျိုးဆက်ဖြစ်ပြီး CBR1000RR series မှာတော့ ဒုတိယမြောက်မျိုးဆက်ဖြစ်ပါတယ်။ 998cc, Inline 4, Liquid Cooled, Dual Stage EFi နဲ့ 2005 CBR1000RR ဟာ 459 lbs လေးလံပြီး မြင်းကောင်ရေ 172 HP ကို RPM 11000 မှာထုတ်ပေးနိုင်ပါတယ်။ 0 to 60 mph ကို 2.7 seconds နဲ့အရောက်မောင်းနိုင်ပြီး
အမြင့်ဆုံးအမြန် နှုန်းအဖြစ် 285 km/h အထိမောင်းနှင်နိုင်ပါတယ်။
ထူးခြားချက်အဖြစ် HESD ခေါ် Honda Electronic Steering Damper ပါဝင်လာပေမယ့် BMW က မရွေးချယ်ခဲ့ပါဘူး။ အလေးချိန်စီးလွန်းတာနဲ့ Undertail Exhaust အထားအသို ပုံစံများကို သဘောမကျဘူးလို့ သုံးသပ်ရပါတယ်။
ဒုတိယအနေနဲ့ Yamaha ရဲ့ R1 ကိုလေ့လာကြည့်တဲ့အခါမှာ R1 ဟာ 1987 ခုနှစ်
FZR 1000 ကနေ ဆင်းသက်လာတာလို့ ပြောလို့ရပါတယ်။ 1996 ခုနှစ်မှာ
Superbike ပိုပီသတဲ့ YZF1000R ကို ပြောင်းလဲ ထုတ်လုပ်ခဲ့ကြပြီး 1998
မှစတင်ကာ R1 နာမည်နဲ့ထုတ်လုပ်ခဲ့ကြပါတယ်။ 2005 မော်ဒယ် R1 မှာ
မျိုးဆက် ၄ ဆက်မြောက် မော်ဒယ်ဖြစ်ပြီး အမြင့်ဆုံး
အမြန်နှုန်းအဖြစ် 288 km/h အထိမောင်းနှင်နိုင်ပါတယ်။ 10500 RPM မှာ 172 HP ထုတ်ပေးနိုင်ပြီး Ram Air နဲ့ဆိုရင်တော့ 180 HP အထိထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဓိက အားနည်းချက်အနေနဲ့ 5 Valves per Cylinder အဖြစ် Valves အလုံး ၂၀ ပါဝင်ပြီး
Undertail Exhaust System နဲ့တည်ဆောက်ထားပါတယ်။ ဒီအချက်တွေရယ်
ပြီးတော့0 to 60 mph ကို 3.04 seconds အထိ အချိန်ယူရတဲ့အချက်တွေကြောင့် BMWက မရွေးချယ်ခဲ့တာလို့ သုံးသပ်ရပါတယ်။ တတိယအနေနဲ့ Kawasaki ရဲ့ ZX10Rကို လေ့လာကြည့်တဲ့အခါမှာတော့ ZX10R ဟာ 1984 ခုနှစ် GPZ900R ကနေဆင်းသက်လာတာကိုတွေ့ရပါတယ်။ 1994 ခုနှစ်မှာ ZX 9R အဖြစ်ထုတ်ခဲ့ပြီး 2004 မှစတင်ကာ Kawasaki ရဲ့ 1000cc Superbike အဖြစ် ZX10R ကို စတင် ထုတ်ခဲ့တာတွေ့ရပါတယ်။ 2005 မော်ဒယ် ZX10R ဟာ 2004 မော်ဒယ်နဲ့ သိပ်ပြီးမကွဲပြားလှပါဘူး။ 178 HP အထိထုတ်ပေးနိုင်ပြီး Wet Weight 432 lbs
ပဲ လေးလံပါတယ်။ ဒါပေမယ့် ဒီဇိုင်းသိပ်မလှတာရယ် Undertail Exhaust
နဲ့ 0 to 60 mph ကို 3.12 seconds အထိ အချိန်ယူရတာတွေက BMW အတွက်တော့ စိတ်ပျက်သွားစေခဲ့ပါတယ်။
စတုတ္ထအနေနဲ့ Suzuki GSX R1000 ကို လေ့လာကြည့်တဲ့အခါမှာတော့ BMW အတွက် လုံးဝကိုကျေနပ်စရာဖြစ်ခဲ့ပါတယ်။ Suzuki ရဲ့ GSX R1000 ဟာ 1986 ခုနှစ်ထုတ် GSX R1100 ကနေဆင်းသက်လာတာပါ။ 2001 ခုနှစ်မှစတင်ပြီး ထုတ်လုပ်ခဲ့တဲ့ Suzuki ရဲ့ 1000cc Superbike GSX R1000 ဟာ 2005 ခုနှစ်မှာ
မျိုးဆက် ၃ ဆက်မြောက်ရှိခဲ့ပါပြီး။ K5 ခေါ် 2005 မော်ဒယ် GSX R1000
မှာ 998.6cc , Inline 4, Liquid Cooked, Fuel Injection နဲ့ Slipper
Clutch ဂီယာ ၆ ချက် ပါဝင်ပါတယ်။ Seat Height မှာ 810mm ရှိပြီး အခြား
Superbike တွေနဲ့ယှဉ်ရင် Seat Height နိမ့်တဲ့အတွက် Rider ကို သက်တောင့်သက်သာဖြစ်စေပါ
တယ်။Wet Weight 439 lbs လေးလံပြီး အမြင့်ဆုံးအဖြစ် 286 mph အထိမောင်းနှင်နိုင်ပါတယ်။ မြင်းကောင်ရေ 177 HP အထိထုတ်ပေးနိုင်တဲ့ GSX R1000 ဟာExhaust ကို အခြား Superbike တွေလို Undertail ပုံစံမဟုတ်ပဲ ညာဘက်ဘေးမှာ တစ်ပြောင်းတည်းထွက်နေတဲ့ Side Exhaust System အဖြစ်နဲ့ တွေ့မြင်ရပါတယ်။ ဒီအချက်ဟာ အင်ဂျင်ရဲ့အပူငွေ့တွေကို ဖင်ထိုင်ခုံအောက်မှာ မအောင်းစေပဲ ဘေးဘက်ကနေပဲ လေစီးကြောင်းနဲ့အတူ Air Cooling Effect ကိုပေးနိုင်တာတွေ့ရပါတယ်။ ဘော်ဒီကာဗာတွေကို လေခွင်းအားကောင်းစေအောင် သေ
ချာတွက်ချက်ပြီး ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။ Seat Height နိမ့်တဲ့ အတွက်လည်း Rider ဟာ ဆိုင်ကယ်ရဲ့ ဘော်ဒီထဲမှာဝပ်နေပြီး လေရဲ့တွန်းကန်အားတွေကို လျှော့ချပေးနိုင်တာကိုတွေ့ရပါတယ်။ အဓိကအချက်ကတော့ Australian Rider တစ်ဦးဖြစ်တဲ့ Troy Corser ဟာ 2005 ခုနှစ် Superbike
World Championship ပြိုင်ပွဲမှာ Suzuki GSX R1000 ကို မောင်းနှင်ပြီး
Champion ဖြစ်ခဲ့တဲ့အချက်ပါပဲ။ နောက်ပြီး နာမည်ကြီး British Rider တစ်ဦးဖြစ်တဲ့ Guy Martin
ဟာ Isle of Man (Tourist Trophy) ပြိုင်ပွဲမှာ GSX R1000 ကို 2003
ခုနှစ်ကနေ 2014 အထိ တောက်လျှောက်
မောင်းနှင်ပြီးပြိုင်ပွဲဝင်ခဲ့တဲ့ အချက်လည်းပါပါတယ်။ (Guy Martin ဟာ ကြားထဲမှာ တစ်နှစ်ပဲ CBR1000RR ကို ပြောင်းပြီး မောင်းခဲ့ပါတယ်။)
ဒီအချက်တွေကြောင့် BMW ဟာ 2005 မော်ဒယ် GSX R1000 ကို Reverse
Engineering ပြုလုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။ ဂျာမန်အင်ဂျင်နီယာတွေဟာ
GSX R1000 ကို အင်ဂျင်ပါမကျန်
တစ်စစီဖြုတ်ချပြီးလေ့လာခဲ့ကြပါတယ်။S1000RR ရဲ့ အင်ဂျင်ကို
တည်ဆောက်နိုင်ပြီးတဲ့နောက်မှာလည်း GSX R1000 ရဲ့ ဖရိမ် အတွင်းမှာ
တပ်ဆင်ပြီးစမ်းသပ်ခဲ့ကြပါတယ်။ S1000RR ကိုတစ်စီးလုံး အနေ အထားနဲ့
အပြည့်အစုံ ထုတ်လုပ်နိုင်ပြီးတဲ့နောက်မှာ Performance တွေကို
နှိုင်း ယှဉ်ဖို့ GSX R1000 ရဲ့ Performance တွေကို စံအဖြစ် Benchmark
ထားခဲ့ကြပါ တယ်။
နောက်ဆုံးမှာတော့ Performance အလွန်ကောင်းတဲ့
S1000RR ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြပြီး ဈေးကွက်မှာလည်းနေရာရခဲ့ပါတယ်။
2005 ခုနှစ်မှာ စတင်ခဲ့တဲ့ BMW Superbike Project ဟာ 2009 ခုနှစ်မှာ
S1000RR အဖြစ်ထွက်ပေါ်လာပြီး 2010 ခုနှစ်မှာတော့ Motorcycle News,Cycle World, Motorcyclist အစရှိတဲ့ မော်တော်ဆိုင်ကယ် မဂ္ဂဇင်းများက အကောင်းဆုံးမော်တော်ဆိုင်ကယ် အဖြစ် ဆုတံဆိပ်များပေးအပ်ခဲ့ကြပါတယ်။
Bore 80mm နဲ့ Stroke 49.7mm ရှိတဲ့ S1000RR ဟာ Inline 4 Cylinder အင်ဂျင်တွေထဲမှာတော့ Over Square အဖြစ်ဆုံးဖြစ်ပြီး အမြင့်ဆုံး RPM ဖြစ်တဲ့
14000 RPM မှာ 199HP ကိုထုတ်ပေးနိုင်ပါတယ်။ Rider အတွက် Electronic
Aids တွေအများအပြားပါဝင်လာတဲ့ S1000RR ဟာ Racing အတွက်လည်း
အလွယ်တကူ Tuning လုပ်နိုင်ပါတယ်။ လောလောဆယ် ပြိုင်ပွဲအဖြစ် Isle
of Man (Tourist Trophy) ပြိုင်ပွဲမှာ Superbike Race, Senior TT Race နဲ့
Superstock Race တွေမှာ ဗိုလ်စွဲလျှက်ရှိပါကြောင်း တင်ပြရင်း BMW S1000RR ရဲ့ လျှို့ဝှက်ချက်များအကြောင်းကို ဒီနေရာမှာပဲ နိဂုံးချူပ်လိုက်ပါတယ်
အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ
Sharing knowledge is developing mankind
Lawrence Peace
နောက်ထပ် သတင်းအသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်
နောက်ထပ် သတင်းအသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်
No comments:
Post a Comment