BMW ကုမ္ပဏီရဲ့ On road/Off road ၂ မျိုးလုံးအသုံးပြုလို့ ရတဲ့ dual
purpose GS model ကို ၁၉၈၀ ခုနှစ်ကတည်းက R80G/S နဲ့ စတင်ခဲ့တာ
ခုချိန်ထိအောင်ပါပဲ။ဂျာမန် ဘာသာစကားနဲ့ Galānde/StraBe (on/off
road)ဆိုတဲ့ အဓိပ္ပာယ်ကနေ နောက်ပိုင်း Galānde Sport ဆိုတဲ့ အဓိပ္ပာယ်ကို
ပြောင်းခဲ့ပြီး Gနဲ့ S ကြားက မျဉ်းစောင်း ကိုလည်း ဖျောက်ခဲ့ပါတယ်။Suspension ရှည်ရှည်တွေ၊ခပ်မတ်မတ် ထိုင်ရတဲ့ စီးနင်းပုံတွေ၊၁၉ လက်မကနေ ၂၁
လက်မထိ ရှိတဲ့ ရှေ့ဘီး ကြီးကြီးတွေက GS ကို BMW ရဲ့ တခြားမော်ဒယ်တွေထဲက
သီးခြားခွဲထွက် စေခဲ့ပါတယ်။၂၀၀၉ မေလ အထိ GS အစီးရေ ၅ သိန်း
ထုတ်လုပ်ခဲ့ပြီးပါပြီ။
GS တွေမှာ ၁လုံးထိုး ၂ လုံးထိုး parallel twin
နဲ့ flat twin တွေကို ထုထည် 650cc,800cc,1150cc,1200cc စသည်ဖြင့်
ထွက်ရှိခဲ့ပြီး လေနဲ့ အအေးခံတဲ့ အင်ဂျင်ကို Air head,လေနဲ့လည်း အအေးခံ
engine oil cooler လည်း ပါတဲ့ ကောင်ကို Oil head လို့လည်း ခေါ်သလို
မတ်စေ့ပုံစံ ဆလင်ဒါ ဟက်ကြောင့် Hexhead လို့လည်း ခေါ်ပါတယ်။ ပထမဆုံး
shaft နဲ့ မောင်းတဲ့ GS model က R80 GS ဟာ 797.5cc ရှိတဲ့ Air cool,flat
twin,boxer engine ကို သုံးထားပါတယ်။ဒီအင်ဂျင်ကလည်း BMW ရဲ့ အခြားဘီး
အများစုမှာလည်း သုံးထားတဲ့ R247 လို့လည်း ခေါ်တဲ့ Air Head လို့လည်း ခေါ်တဲ့
အင်ဂျင်တစ်လုံးပါ။Paris-Dakar ပွဲမှာ အနိုင်ရခဲ့တဲ့ R80GS တွေကို အမှတ်တရ
ထုတ်ခဲ့တဲ့ ပိုကြီးတဲ့ ဆီတိုင်ကီနဲ့ R80GS-PD ကတော့ နာမည် အကြီးဆုံး
လူကြိုက် အများဆုံး ဖြစ်ခဲ့ပါတယ်။
တစ်ချို့ ဈေးကွက်တွေကို flat twin
အင်ဂျင်နဲ့ပဲ 649.68cc ရှိတဲ့ R65GS တွေကိုလည်း
ဖြန့်ချီခဲ့ပါတယ်။ဒီအစောပိုင်း ဆိုင်ကယ်တွေမှာတော့ နောက် ရှော့ဘားနဲ့ နောက်
ရှပ်ကို တစ်တွဲထဲ ထားတဲ့ Monolever စနစ်နဲ့ပါ။ ၁၉၈၇ မှာ G/S မှာ S ရဲ့
အဓိပ္ပာယ်ကို StraBe အစား Sport လို့ ပြောင်းခဲ့ပြီး Monolever စနစ်ကနေလည်း
Paralever စနစ်ကို ပြောင်းခဲ့ပါတယ်။ဒီစနစ်မှာ နောက်အမ်းပေါ် သက်ရောက်နေတဲ့
ဝန်တွေ၊အားတွေကို လျှော့ချပေးနိုင်ဖို့ torque arm တစ်ခု
ပိုထည့်ပေးလိုက်ပါတယ်။အဲ့ဒီမောင်းတံလေးရယ် drive shaft ရယ်က ကြည့်လိုက်ရင်
ဆနွင်းမကင်း ကွက်ပုံစံလေး ပေါ်နေလို့ Parallelogram ပုံလေးမို့ Paralever
လို့ နာမည်ပေးလိုက်တာပါ။ဒီမော်ဒယ်မှာ 797.5cc အင်ဂျင်နဲ့ဆို R80GS ခေါ်ပြီး
980cc ရှိတဲ့ အင်ဂျင်နဲ့ဆို R100GS လို့ ခေါ်ကြပါတယ်။၁၉၉၅ မှာ R100GS
တွေထုတ်လုပ်မှု ရပ်ပြီး R100GS -PD တွေကိုပဲ ထုတ်ပါတော့တယ်။၉၆၊၉၇ တွေမှာ
Khalahari နဲ့ Basic version တွေထုတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Air head
GS တွေထုတ်တာ ရပ်ခဲ့ပါတယ်။ ဆိုင်ကယ်ရဲ့ ရိုးရှင်းတဲ့
ဖွဲ့စည်းပုံ၊ယုံကြည်စိတ်ချရ ပြီးကြံ့ခိုင်တဲ့ ဒီဇိုင်းနဲ့
ပြုပြင်ထိမ်းသိမ်းရ လွယ်ကူခြင်းတွေကြောင့် Adventure စီးရတာ နှစ်သက်တဲ့
ဆိုင်ကယ်သမားတွေကြားထဲမှာ Air Head တွေဟာ အမှတ်တရပါပဲ။
၁၉၉၅ မှာ Oil
Head R259 အင်ဂျင်နဲ့ Modern Adventure ဈေးကွက်ကို ၀င်ရောက်ခဲ့ပါတယ်။Oil
head တွေကို ၁၉၉၅ ကနေ ၂၀၀၇ ဂျုလိုင် အတွင်းမှာ အစီးရေ ၂၁၉၄၆၈ စီး
ထုတ်ခဲ့ပါတယ်။R850GS,R1100GS,R1150GS နဲ့ R 1200GS ဆိုပြီး Adventure
ဘီးတွေကို အစဉ်လိုက် ထုတ်ခဲ့ပါတယ်။နောက်ပိုင်းမော်ဒယ်တွေမှာ Electronic
Engine Management စနစ်၊ABS ဘရိတ်စနစ်၊ပစ္စတင် ၁လုံးကို ပလပ် ၂လုံး စနစ်
တွေကို အသုံးပြုလာပါတယ်။ခု နောက်ဆုံး ထုတ်ထားတဲ့ R1200GS တွေမှာသုံးထားတဲ့
အင်ဂျင်တွေကျတော့ ဗား ၄ ပွင့် နဲ့ ၆ထောင့် ဆလင်ဒါ ဟက်တွေကြောင့် Hexhead
လို့ခေါ်တဲ့ မြင်းကောင်ရေ ၁၀၅ ကောင်ထုတ်နိုင်တဲ့ အင်ဂျင်တွေနဲ့ ဖြစ်လာပြီး
R1150GS တွေထက် ကီလို ၃၀လောက်ပိုပေါ့သွားပါပြီ။ အစောပိုင်း R1150GS ရော
R1200GS model တွေမှာ Adventur version တွေရနိုင်ပါတယ်။ပုံမှန် GS တွေထက်
ပိုကြီးတဲ့ ဆီတိုင်ကီ၊အရုန်းပိုသန်မယ့် ဂီယာ စိတ်စိတ်၊အဆင့်မြှင့်ထားတဲ့
ရှော့ဘားတွေ နဲ့ တာယာတွေကလည်း လမ်းကြမ်းကြမ်း ကို အထုပ်အပိုးအပြည့် နဲ့
ဝိတ်များများတင်ပြီး သွားနိုင်အောင် သင့်တော်တဲ့ တာယာမျိုးက အစ
ရွေးချယ်ပိုင်ခွင့် ရှိလာပါတယ်။ Flat Twin လို့ ခေါ်တဲ့ Boxer engine က
ကျန်တဲ့ inline 4,V twin တွေနဲ့ စာရင် အဓိက အားသာတာက Center of Gravity
လို့ ခေါ်တဲ့ အလေးချိန်တွေအားလုံးရဲ့ ဗဟို ဆုံမှတ်က သိသိသာသာ နိမ့်နေတာပါပဲ။ (CG လို့ ခေါ်တဲ့ center of gravity ဆိုတာ ဘာမှ မဟုတ်ပါဘူး။ပစ်တိုင်းထောင်
သဘောတရားပါပဲ။လေးတာတွေကို အောက်မှာ ထားနိုင်လေ အရာဝတ္ထု
တစ်ခုကမတ်မတ်ထောင်နေဖို့ လွယ်လေပါပဲ။) ဒါ့ကြောင့် ဒီအင်ဂျင်
ကြီးတပ်ထားတဲ့ GS တွေဟာလည်း ထိမ်းနိုင်သိမ်းနိုင်စွမ်းကောင်းကောင်းနဲ့
ခရီးဝေးဝေးကို စိတ်အေးလက်အေး စီးလို့ ရနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့
ပြည့်နေတာပေါ့။ Air Head ရော Oil Head တွေပါ နောက် ဘီးကို လှည့်တာတော့
ရှပ်စနစ်နဲ့ပါပဲ။ရှေ့ပိုင်းကိုတော့ အစောပိုင်းတွေမှာ သမားရိုးကျ ဖောက်
စနစ်ကို သုံးပေမယ့် နောက်ပိုင်းမှာတော့ အင်္ဂလန်က Saxon Motodd လို့ ခေါ်တဲ့
ကုမ္ပဏီက တီထွင်တဲ့ Telelever စနစ်ကို ပြောင်း သုံးခဲ့ပါတယ်။အဲ့ စနစ်မှာ A
arm လို့ ခေါ်တဲ့ မောင်းတံ တစ်ခု ထည့်ပေးခြင်းအားဖြင့် ရှေ့ဘရိတ်
တအားအုပ်တဲ့ အချိန်မှာ ဂျွမ်းပြစ်ခြင်းကနေ ကာကွယ် နိုင်ခဲ့ပါတယ်။
Single Cylinder Chain Drive
၁၉၉၃ မှာ BMW က Rotax က ထုတ်တဲ့ 652cc,4 valve အင်ဂျင် ကို သုံးထားတဲ့
တစ်လုံးထိုး GS model ကို မိတ်ဆက်ခဲ့ပါတယ်။လမ်းကြမ်းကြမ်း ပိုသွားနိုင်ဖို့
Funduro လို့ခေါ်တဲ့ F650 model ကို ပိုရှည်တဲ့ ဖောက်တွေ၊အဆောင့်ခံ
ပြားတွေ၊ဖင်ထိုင်ခုံ မြင့်မြင့် တွေနဲ့ ၁၉ လက်မ ရှေ့ဂွေကို သုံးပြီး
ထုတ်ခဲ့သလို လမ်းပေါ်စီး အတွက် ပိုသင့်တော်တဲ့ F650 ST,Strada ကိုကျတော့
လက်ကိုင်ကျဉ်းကျဉ်း၊လေကာမှန်သေးသေး နဲ့ ၁၈ လက်မရှေ့ဂွေ သုံးပြီး
ထုတ်ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာတော့ EFI စနစ်သုံး အင်ဂျင်ကို ပြောင်းခဲ့ပြီး
၂၀၀၇ ထိ ထုတ်လုပ်ခဲ့ပါတယ်။ တစ်လုံးထိုး GS model လေးတွေဟာ ပိုကြီးတဲ့ ၂
လုံးထိုးကြီးတွေထက် လမ်းကြမ်း သုံးရာမှာ ပိုအဆင်ပြေသလို
၂လုံးထိုးကြီးတွေကို မနိုင်တဲ့ လူတွေကြားမှာလည်း အလွန်ပဲ
ရေပန်းစားခဲ့ပါတယ်။
Parallel Twin,Chain Drive
၂၀၀၇
ခုနှစ်မှာတော့ Chain drive စနစ်သုံးထားတဲ့ 798cc ၂လုံးထိုး မော်ဒယ် GS ၂
စီးကို မိတ်ဆက်ခဲ့ပါတယ်။မြင်းကောင်ရေ ၈၄ ကောင်ထွက်တဲ့ F800GS က 81N-m
လိမ်အားနဲ့ 0-60 m/h ပြေးနှုန်းကို 4.1 စက္ကန့်နဲ့ တင်နိုင်ပါတယ်။ရှေ့ဘီးမှာ
300mm အချင်းရှိတဲ့ ဒစ်ဘရိတ် ၂ ချပ်ပါပြီး ABS စနစ် လိုချင်ရင်
ထည့်ခိုင်းလို့ ရပါတယ်။ဖင်ထိုင်ခုံ အမြင့်ကတော့ မြေပြင်ကနေ ၃၄ လက်မခွဲ
ရှိပါတယ်။ F650GS ကတော့ F800 လိုပဲ ၂လုံးထိုး ဖြစ်ပြီး ပစ္စတင် ဆိုဒ်တွေ
အတူတူ ဖြစ်ပေမယ့် မြင်းကောင်ရေ ထုတ်လုပ်မှုကို ၇၀ အထိ လျှော့ချထားပြီး
လိမ်အားကတော့ 75 N-m ထုတ်ပေးပါတယ်။ဒီ အင်ဂျင်ကိုပဲ ဥရောပက လူငယ်
လူသစ်တန်းတွေ အတွက် ကန့်သတ်ထားတဲ့ လိုင်စင်စနစ် နဲ့ အဆင်ပြေအောင်
ဘောင်ဝင်အောင် မြင်းကောင်ရေ ကို ၃၄ အထိလည်း လျှော့ချပေးလို့ ရပါတယ်။ (Displacement လို့ခေါ်တဲ့ အင်ဂျင်ထဲက ပစ္စတင် အလုပ်လုပ်တဲ့ နေရာ အကျယ်အ၀န်းက
798cc အတူတူ ဖြစ်ပေမယ့် ECU ကပဲ မြင်းကောင်ရေ ကို လိုသလို
ထိမ်းချုပ်ပေးနိုင်တာကို ဗဟုသုတ အနေနဲ့ သိလိုက်ရပါတယ်။)
သူလည်း
ရှေ့ဘီးမှာ 300mm အချင်း ရှိတဲ့ ဒစ် ၂ ချပ်နဲ့ ဖြစ်ပြီး ABS စနစ်
လိုချင်ရင် ထည့်ခိုင်းလို့ ရပါတယ်။ဖင်ထိုင်ခုံ အမြင့်ကတော့ မြေပြင်ကနေ 32.3
လက်မ မြင့်ပါတယ်။ ၂ မျိုးစလုံး Chain drive စနစ် ဖြစ်ပေမယ့် နောက်ပိုင်းမှာထိမ်းသိမ်းဆေးကြော ရ သက်သာတဲ့ Belt drive စနစ်ကိုလည်း သုံးလာပါတယ်။
R1200GS & R1200GS Adventure
၂ မျိုးစလုံးကို Germany,Berlin မြို့က BMW အုပ်စုရဲ့ တစ်စိတ်တစ်ပိုင်း
ဖြစ်တဲ့ BMW Motorrad က ထုတ်လုပ်တာပါ။BMW ရဲ့ GS မိသားစု ထဲက Dual Sport
မော်တော်ဆိုင်ကယ် တစ်မျိုးပါ။1170cc ရှိတဲ့ ၂လုံးထိုး 4 valve ,boxer
engine နဲ့ ဖြစ်ပြီး Adventure model မှာ ပိုကြီးတဲ့ ဆီတိုင်ကီ ပိုရှည်တဲ့
ရှော့ဘားတွေနဲ့ ပို အရုန်းသန်မယ့် ဂီယာ အချိုးအစား ကို
ထည့်ပေးထားပါတယ်။၂၀၁၂ မှာ BMW ရဲ့ ဆိုင်ကယ်တွေထဲမှာ သူက အရောင်းရဆုံး
ဖြစ်ခဲ့ပါတယ်။ R1200GS ကို စတင်ထုတ်လုပ်ခဲ့တဲ့ ၂၀၀၄ မှာ သူ အစားထိုး
ဝင်ရတာ ဖြစ်တဲ့ R1150GS ထက် အလေးချိန် ကီလို ၃၀
ပိုပေါ့သွားပါတယ်။အင်ဂျင်ကတော့ မြင်းကောင်ရေ ၁၀၀ ထုတ်ပေးနိုင်ပြီး အရင်
အင်ဂျင်ထက် ၁၉ ရာနှုန်း ပိုထုတ်ပေးလာနိုင်ပါတယ်။ 2006 ခုနှစ်မှာ Adventure model ကို ထုတ်လုပ်ပါတယ်။ ၂၀၀၈ မှာ အင်ဂျင်က မြင်းကောင်ရေ ၁၀၅ ကောင် ထုတ်နိုင်ပြီး Electronic
Suspension Adjustment(ESA),Automatic Stability Control(ASC) စတဲ့ နည်းပညာ
အသစ်တွေထပ်ပေါင်းပြီး ဘရိတ်ပိုင်းမှာ Integral ABS II ဖြစ်သွားပြီး အရင်
မော်ဒယ်တုန်းကလို Servo Assistance မဟုတ်တော့ဘူး။ ၂၀၁၀ မှာတော့ ဆလင်ဒါ
ဟက်ကို ဒီဇိုင်းပြောင်းလိုက်ပြီး Camshaft 2 ချောင်းသုံးတဲ့ Double Over
Head Cam စနစ်နဲ့ ဖြစ်သွားတာကြောင့် red line ကလည်း 8500rpm အထိ
တက်လာပါတယ်။အင်ဂျင် အသံထွက် ပိုကောင်းစေဖို့ Exhaust flap ထည့်ပေးပြီး
မြင်းကောင်ရေ ၁၁၀ အထိ တက်လာပါတယ်။ ၂၀၁၂ Intermot ပွဲမှာ BMW က လာမယ့်
၂၀၁၃ မော်ဒယ်ဟာ ရေနဲ့ အအေးခံမယ့် Water Cool engine ဖြစ်လာမှာ ဖြစ်ပြီး
မြင်းကောင်ရေ ၁၅ ကောင် ပိုလာမှ ဖြစ်သလို ဝိတ်ကလည်း အရင် မော်ဒယ်ထက် ပေါင်
၂၀ လောက်ပိုလေး လာပါမယ် လို့ ကြေငြာခဲ့ပါတယ်။ ၂၀၁၃ မော်ဒယ်ဟာ နည်းပညာ
အသစ်တွေနဲ့ လူထု စိတ်ဝင်စားမှု ရရှိခဲ့ပေမယ့် စရောင်းပြီးတဲ့ အချိန်မှာတော့
ဘရုတ်သုက္ခ တွေဖြစ်ခဲ့ပါတယ်။အင်္ဂလန်မှာ R1200GS တွေကို ရှေ့ ဘရိတ်၊ABS
စနစ်၊လီဗာကြိုး၊ဆီပန့်၊ကလပ်၊နောက် ဘီးကိုသွားတဲ့ ဘရိတ်ပိုက်တွေ နေ့
ဂီယာဘောက် ပြဿနာတွေကြောင့် ပြန်ခေါ်စစ်ဆေး ပေးရတယ်လို့ သတင်းရပြီး အခြား
နိုင်ငံတွေမှာလည်း အလားတူ ပြဿနာတွေ ရှိခဲ့တယ်လို့ ကြားရပါတယ်။နောက်
စမ်းစီးကြည့်တဲ့ သတင်းသမားတွေကလည်း အရှိန်များလာရင် ရှေ့ ဘီးက ခါ သလို
၊ဆိုင်ကယ်ကလည်း တုန်လာတယ်လို့ သတင်းပို့တာကြောင့် BMW က အဲ့ဒီရှေ့ပိုင်း
ပြဿနာကို ဖြေရှင်းမပြီးမချင်း အရောင်းတင်ပို့မှု တွေကို ဆိုင်းငံ့
ခဲ့ပါသေးတယ်။ ၂၀၁၄ ကနေ ၁၆ အတွင်းမှာတော့ နှစ်တိုင်း
အသစ်အသစ်တွေထည့်ပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ရွေးချယ်စရာတွေအနေနဲ့ LED
ရှေ့ မီးကြီး စနစ်၊သော့တံမပါပဲ စက်နှိုး တဲ့ Keyless ignition စနစ်၊ကလပ်
ဆွဲစရာ မလိုပဲ ဂီယာထိုးလို့ ရတဲ့ quick shifter စနစ်၊သူခိုးကာကွယ်ရေး Anti
theft စနစ် တွေနဲ့ ထပ်နှိမ့်လို့ ရတဲ့ ဖင်ထိုင်ခုံတွေလည်း လုပ်ပေးထားပါတယ်။ ABS စနစ်မှာဆိုလည်း Software ကို update လုပ်ပေးနိုင်ပြီး ကွေ့တွေမှာ ဘရိတ်အုပ်ရင်ပါ စိတ်ချရအောင် စွမ်းဆောင်ပေးလာနိုင်ပါတယ်။
၂၀၁၇ မော်ဒယ်မှာတော့ မျက်နှာစာကို ပိုမြှင့်ပေးလိုက်ပြီး ဥရောပ ရဲ့ EU4
စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် နည်းပညာပိုင်းတွေပြောင်းလဲခဲ့
ပါတယ်။ဘေးဘက်မှာ ရောင်ပြန်တွေပါလာသလို ဒိုင်ခွက်မှာလည်း ဆိုင်ကယ်မှာ
ဘာပြဿနာ ရှိနေတယ်ဆိုတာကို ပြပေးမယ့် OBD(On Board Diagnosis) မီး လည်း
ပါလာပါတယ်။. ရေ နဲ့ အအေးခံတဲ့ boxer engine တွေသုံးထားတဲ့ GS ရော GS
Adventure ရော Transmission Output shaft မှာ အဆောင့်ခံ
တုံးတွေထည့်ပေးပါတယ်။
Selector Drum Actuator,Transmission
shaft,Transmission bearing နေရာတွေမှာလည်း ပြုပြင်မှုတွေလုပ်ပေးလာပါတယ်။
ဆလင်ဒါ အတွက် အကာအကွယ်တပ်လို့ ရအောင် crash bar ဒီဇိုင်း
အသစ်ကိုရွေးချယ်စရာ တစ်ခု အနေနဲ့ GS မှာ ထည့်ပေးထားပေမယ့် GS Adv မှာတော့
တစ်ခါထဲ ပါပြီးသားပါပဲ။GS တွေနာမည် ကြီးတာလည်း အလကားတော့
မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာ GS ချစ်သူများ ပိုင်ရှင်များ စတဲ့ အဖွဲ့အစည်းတွေ
အမြောက်အများ ရှိပြီး GS အတွက် ထပ်ဆင်စရာ
ဘေးပုံးတွေ၊ရှော့ဘားတွေ၊လေကာမှန်တွေ၊မီးတွေ နဲ့ GPS အထိုင်တွေ စသည်ဖြင့်
လိုတာ ၀ယ်လို့ ရအောင် ထုတ်လုပ်ပေးကြပါတယ်။
၂၀၀၄ မှာတုန်းက
ရုပ်ရှင်သရုပ်ဆောင် Ewan McGregor(အီယန် မက်ဂရေဂါ) နဲ့ စာရေးဆရာ Charlie
Boorman(ချာလီ ဘိုးမန်း) တို့ဟာ R1150GS ကိုယ်စီ Londa ကနေ New York ကို
ဥရောပ၊အာရှ၊အလားစကား နဲ့ ကနေဒါ တို့က တစ်ဆင့် အမေရိကားက New York အထိ
ရောက်အောင်သွားတဲ့ "Long way round" ဆိုတဲ့ ခရီးစဉ်ကို စီးနင်းခဲ့ပါတယ်။
၂၀၀၆ မှာ Charlie Boorman က F650RR ဆိုင်ကယ်နဲ့ Dakar Rally ကို
ဝင်ပြိုင်ခဲ့ပြီး "Race to Dakar" ဆိုတဲ့ နာမည်နဲ့ စာအုပ်လည်း ထုတ်။TV
serie လည်း ရိုက်ကူးခဲ့ပါတယ်။
၂၀၀၇ မှာတော့ ဒီ ၂ ယောက်ကပဲ"Long way
Down" ဆိုတဲ့ ခရီးစဉ်ကို စကော့တလန်မြောက်ဖျားက JohnO' Groats ဆိုတဲ့
အရပ်ကနေ အာဖရိက တိုက်တောင်ဘက်စွန်း Cape Agulhas အထိကို R1200GS ၂ စီးနဲ့
ပြီးမြောက်အောင် စီးခဲ့ကြပါသေးတယ်။
တခြား တခြား နာမည်ကြီး စာရေးဆရာတွေ အနုပညာရှင်တွေ GS တွေနဲ့ မိုင်သောင်းချီ ခရီးထွက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း အများကြီးပါ။
အရင်က ဆိုင်ကယ်နဲ့ကမ္ဘာပတ်ခဲ့သော လက်ရှိ ကမ္ဘာပတ်နေသော နောင်လည်း
ဆိုင်ကယ်နဲ့ ကမ္ဘာ ပတ်ဖို့ ပြင်ဆင်နေသော ဆိုင်ကယ် ခရေဇီ အများစုရဲ့
ရွေးချယ်ရာဟာ BMW ရဲ့ GS ဖြစ်နေတာဟာ ဖြင့်..........
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတ နဲ့ ပြည့်စုံကြပါစေ။
Ko Myo Zaw Oo
နောက်ထပ် သတင်းအသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်
No comments:
Post a Comment