Honda ရဲ့ Dual Purpose CRF250L နဲ့ Supermoto CRF250M အကြောင်း (by Lawrance Peace)

March 18, 2017


CRF250L က ကျွန်တော်တို့ဆီမှာ တော်တော်လေးကို Under rated ဖြစ်နေတယ်ဗျ...Under rated ဆိုတာ ကောင်းပေမယ့် လူကြိုက် နည်းတာ...ထင်သလောက် မပေါက်တာပေါ့...ကျွန်တော်တို့ဆီမှာ မပေါက်တာ သူရို့ဆီမှာတော့ နာမည်ကြီးတယ်ဗျ...ဈေးနှုန်းသင့်တင့်နဲ့ Performance လုံလောက်တဲ့ Budget version , entry level Dual Purpose 250cc ပေါ့ဗျာ...





ကျွန်တော်တို့ဆီမှာ Over rated ဖြစ်နေတာ အားလုံးသိကြတဲ့အတိုင်း DT ပေါ့ဗျာ...WR250R ကတော့ ဈေးကြီးလို့ သိပ် မပေါက်သလို Kawasaki KLX250S လည်း ကွက်ပျောက်ဖြစ်နေတယ်...CRF250L under rated ဖြစ်ရခြင်း အကြောင်းရင်း က ထုတ်တာမကြာသေးလို့ရယ် အပိုပစ္စည်းပြဿနာတွေကြောင့်ပါ... ဒီမှာသာ ရှားတာ ထိုင်းမှာတော့ တော်တော်ပေါတယ်ဗျ...နောက် တဖြည်းဖြည်းနဲ့ လူကြိုက်များလာပြီး ဘီးတွေများလာရင် ဆိုင်တွေလည်း Spare Parts တွေတင်ကြတော့မှာပါ...DT ကတော့ နှစ်အစိတ် သက်တမ်းရှိခဲ့ပြီးအောင်မြင်ခဲ့တော့ Used Spare Parts ဈေးကွက်နဲ့ တရုတ် Spare Parts ဈေးကွက်တွေက

ရှိနေတာကိုးဗျ...CRF250L အကြောင်းပြောမယ်ဆိုရင်တော့ ပြိုင်ဘက်တွေဖြစ်တဲ့ WR250R နဲ့ KLX250S ပါ ဆွဲထည့်မှရမယ်...2008 မှာ စထွက်တဲ့ WR250R ဟာ Dual Purpose 250cc ,Performance ဘီးတွေမှာ ထိပ်ဆုံးကရှိနေပြီး 2009 က စပြီး အသစ်ထုတ်လုပ်ခဲ့တဲ့ KLX250S ကတော့ 2011 အထိ Budget Dual Purposeမှာ ထိပ်ဆုံးကနေရာယူထားကြတာပေါ့...2007 နောက်ပိုင်း 2 stroke Dual Purpose တွေဖြစ်တဲ့ CRM250 နဲ့ CRM500 တွေဖျက်သိမ်းအပြီး Dual Purpose 250cc မှာ ကာလ အတော်ကြာကြာ ပျောက်ကွယ်နေခဲ့တဲ့ Honda ကတော့ 2012 မှာ CRF250L နဲ့ Dual Purpose ဈေးကွက်ထဲဝင်လာပါတော့တယ်... (ကြားထဲမှာ Dual Purpose Class မှာ XR650L နဲ့သိပ်မစွံတဲ့ Air Cooled only CRF230L ပဲရှိခဲ့တာပါ...CRF250L က CRF230L ရဲ့ Uper Level တစ်ဆင့်မြင့် လို့ပြောလို့ရပါတယ်...) CRF...R series တွေက Motocross Racing seriesတွေဖြစ်ပြီး CRF...X Series တွေက Offroad Trial လမ်းကြမ်းမောင်း သီးသန့် ပြိုင်ဘီးတွေပါ...CRF...L series တွေကတော့ Street Legal Dual Purpose seriesေ တွပေါ့ဗျာ...CRF250L က ထိုင်းမှာရှိတဲ့စက်ရုံက ထုတ်လုပ်ပြီး ကမ္ဘာအနှံ့ဖြန့်တာပါ... Honda Fit ကားလေးတွေလိုပေါ့ဗျာ...


2002 ကနေ 2007 အထိ GD1 ခေါ် Honda Fit တွေကို ဂျပန်မှာပဲ ထုတ်ပြီး တစ်ကမ္ဘာလုံးဖြန့်တာပါ...2008 နဲ့ နောက်ပိုင်း GE6 တွေကိုတော့ ထိုင်းစက်ရုံ မှာ တပ်ဆင်ပြီး ဂျပန်ကိုပြန်သွင်းတယ် ပြီးမှ ကမ္ဘာအနှံ့ဖြန့်တာပေါ့...CRF250Lတွေလည်း အဲ့လိုပဲ...Engines,Pumps,EFI modules အစရှိတဲ့အရေးကြီးပစ္စည်းတွေကို ဂျပန်ကသွင်းပြီး ကျန်တဲ့ Frame, Covers တွေကို ထိုင်းစက်ရုံကထုတ်ပြီး အားလုံးတပ်ဆင်ပြီး ဂျပန်ကို ပြန်ပို့တယ်...ပြီးမှ ဂျပန်က Europe နဲ့ USA ကိုပြန်ဖြန့်တာပေါ့...အဲ့ဒါကြောင့် အလုပ်သမား စရိတ်ကို လျှော့ချနိုင်လို့ ဈေး သက်သက်သာသာနဲ့ရောင်းနိုင်တာပါ...Quality ကတော့ ဂျပန်ကတစ်ဆင့်ဖြန့်တာဆိုတော့ Quality မလျှော့ပါဘူး...ဒါပေမယ့် Made in Japan အစစ်တွေက ပိုပြီးသာတာပေါ့လေ...ဈေးနှုန်းတွေကြည့်မယ်ဆိုရင်....CRF250L က $ 4500, KLX250S က$ 5100 နဲ့ WR250R က $ 6700 ပါ...တကယ်လို့များ CRF250Lကို ဂျပန်မှာပဲ ထုတ်မယ်ဆိုရင် $4500 နဲ့မရနိုင်ပါဘူး... ဒီနေရာမှာ အရေးကြီးဆုံးပြောချင်တာက CRF250L က Sportbike CBR250R ရဲ့ အင်ဂျင်ကို ယူသုံးထားတာဗျ...ဒီကောင့် အင်ဂျင်က Offset Cylinder နဲ့ဗျ... Offset Cylinder ဆိုတာ ပုံမှာတွေ့တဲ့အတိုင်း ရိုးရိုးအင်ဂျင်တွေလို Cylinder or piston အလယ်ဗဟို တည့်တည့်နဲ့ အောက်က Crankshaft ရဲ့ ဝင်ရိုးတည့်တည့် မျဉ်းဖြောင့် တစ်ဖြောင့်တည်း မဟုတ်ပဲ နည်းနည်းလွဲနေတဲ့ပုံစံပေါ့ Piston က ရှေ့နည်းနည်းရောက်နေတယ်...အဲ့ဒါ Offset Cylinder ပဲဗျ...ရိုးရိုး အင်ဂျင်တွေမှာ ပုံမှာ တွေ့ရတဲ့အတိုင်း Power Stroke ရရင် Piston ကအောက်ကိုကျ လာပြီး Connecting Rod ကိုဖိချတဲ့အခါ Con Rod က စောင်းလျှက်အနေအထား နဲ့ Guard Force ခေါ် Thurst Force နဲ့ ပြန်ကန်တော့ Cylinder ရဲ့ဘေးနံရံ ကို အားနဲ့ထိုးသလိုဖြစ်ပြီး ကြာရင် Cylinder Sleeve စားသွားနိုင်တာပေါ့...
Offset Cylinder မှာ ပုံပါအတိုင်းပဲ Power Stroke မှာ Con Rod က တည့်တည့်ရှိနေတော့ Thurst Force က အပေါ်တည့်တည့်ပဲပြန်ကန်တယ်...အဲ့ခါကြတော့Cylinder နံရံမှာ Sliding Resistance တွေမဖြစ်တော့ဘူးပေါ့ဗျာ...နောက်တစ်ခုက Engine run တာ Smooth အရမ်းဖြစ်တာပါ...ဒီလို OffsetCylinder တွေက Maintenance နည်းပါးပါတယ်...Honda ရဲ့ ရည်ရွယ်ချက်ကလည်း လူတိုင်း ဆိုင်ကယ်ကို ရင်းနှီး စေရမယ် ဆိုတဲ့အတိုင်း Maintainenceနည်းနည်းနဲ့ ခေါင်းမစားပဲ တာရှည် အသုံးပြုစေနိုင်ပါတယ်...ဒါက CRF250Lရဲ့ အဓိက အားသာချက်ပါ...Performance တွေကိုကြည့်ရင်တော့...WR250R က Crankshaft မှာ 26HP ထွက်ပြီး နောက်ဘီးမှာ 23HP ထွက်ပါတယ်..KLX250S က Crankshaft 24HP ထွက်ပြီး နောက်ဘီး 21HP ထွက်ပါတယ်...CRF250L ကတော့ Crankshaft 23HP ထွက်ပြီး နောက်ဘီး 20HP ထွက်ပါတယ်..အလေးချိန်တွေမှာ WR250R က 295lbs, KLX250S က 298lbs နဲ့ CRF250Lက 320lbs လေးပါတယ်...Engines တွေကတော့ Single Cylinder 250cc တွေရှိကြပြီး WR250R နဲ့ CRF250L က EFI တွေဖြစ်ကြပြီး KLX250S ကတော့Old school ဒီဇိုင်း Carburetor နဲ့ဖြစ်ပါတယ်...ဒါကတော့ KLX ရဲ့ အားနည်းချက်ပါ...Carburetor နဲ့ဆိုတော့ အေးတဲ့ရာသီမှာ စထွက် သိပ်မကောင်းပဲအင်ဂျင်ပူလာမှ အဆွဲအရုန်းကောင်းလာပါတယ်...

သူရို့က CRF250L ကို ကြိုက်ရခြင်းကတော့ ဈေးသက်သာတာရယ် ပြီးတော့Modified လုပ်လို့ရတာကြောင့်ပါ...Performance ကောင်းတဲ့ WR250R ကိုဝယ်စီးလို့ရတာပဲလေ...ဒါပေမယ့် ဈေးသက်သာတာရယ် Maintenance နည်းတာရယ်နဲ့ စိတ်ကြိုက် Modified လုပ်လို့ရတာက ပိုပြီးရင်ခုန်စရာ ကောင်းတယ်လေ...မဟုတ်ဘူးလားဗျ...ဥပမာ Aftermarket Exhausts တွေ, Akrapovic တို့Yoshimura တို့ရှိကြတဲ့အထဲမှာ နာမည်အကြီးဆုံး CRF နဲ့ လိုက်ဖက်တဲ့ Exhaustကတော့ USA မိတ် FMF exhaust တွေပါ...ဒီကောင်က Exhaust headers တွေအမျိုးမျိုးရှိကြတာပါ...ဥပမာ Power bomb ဆိုတဲ့ headers တွေက Low နဲ့Mid မှာ HP နဲ့ Torque ကောင်းတဲ့ header မျိုးရှိပြီး လမ်းကြမ်းမောင်းတဲ့သူတွေက ဝယ်ကြပါတယ်...Power bomb မှာပဲ high RPM ကောင်းတဲ့ header ရှိပြီးSupermoto သမားတွေက အများဆုံးရွေးချယ်ကြပါတယ်...Mega bomb ကတော့ Low,Mid,High အားလုံး ကောင်းပြီး ရောင်းအားအကောင်းဆုံး headerပါပဲ...အနောက်က Exhaust ပြောင်းကတော့ အသံကျယ်တာနဲ့ အသံတိုးတာရွေးချယ်လို့ရပါတယ်...
 ဒါပေမယ့်...EFI ဖြစ်တဲ့အတွက် Aftermarket Exhaust တပ်တဲ့အခါ ExhaustFlow ပြောင်းသွားလို့ Injection Timing ကိုပြောင်းပေးရပါတယ်...စက်ရုံထုတ်PGM EFI က Tunning လုပ်လို့မရလို့...Aftermarket EFI Controller ကို ဝယ်တပ်ကြရပါတယ်...(Ducati နဲ့ BMW လိုဘီးတွေကတော့ Software နဲ့ Tune လုပ်လို့ရပါတယ်...)...Carburetors ဘီးတွေက ပြဿနာသိပ်မရှိပါဘူး...Size သေးနေရင် Size ကြီးနဲ့လဲတပ်လိုက်ကြတာပဲ...ဥပမာ 28mm ဆိုရင် 33mm Carb ဝယ်တပ်လိုက်တာပေါ့...KLX250S မှာတော့ 33mm Carb တပ်ထားပြီး ပိုကောင်းချင်ရင်တော့ Power Jet Needles လေးတွေဝယ်တပ်ကြတာပဲ...$50 လောက်ပဲရှိပါတယ်...(KLX250S ကို မန်း Show Room ဈေး 75 သိန်းဆိုပဲ ကြားလိုက်မိသလားလို့ပါ...)...Aftermarket EFI Controller တွေမှာ Power Commender,FMF EFI Controller, EJK Controller စသဖြင့်ရှိကြပေမယ့် EJK တံဆိပ် Aftermarket EFIက CRF250L နဲ့ လုံးဝကိုကိုက်ညီမှုရှိပြီး နာမည်ကြီးပါတယ်...EJK က မူရင်း EFI unit ကိုby pass လုပ်လိုက်တာပါပဲ...မူရင်း EFI Controller ကို မသုံးတော့ပဲ Disable လုပ်လိုက်ပြီးသူ့နေရာမှာ EJK EFI Controller ကို အစားထိုးသုံးလိုက်တာပေါ့...
 ရလဒ်ကတော့ နဂိုထက်ကို အဆွဲအရုန်းကောင်းပြီး Output power HP တက်လာတာပဲ...ဆီစားနှုန်းတော့ နည်းနည်းများသွားတာပေါ့လေ... နဂိုမူရင်း EFI က low rpm မှာဆီနည်းနည်းပဲဖြန်းတယ်ဆိုရင် EJK က အဲ့ဒါထက်ပိုများတယ်ပေါ့...Ignition Timing လည်းပိုစိပ်သွားတယ်ပေါ့...အဲ့လိုပဲ mid rpm, high rpm တွေမှာလည်း မူရင်းထက်ပိုပြီးဆီကိုသုံးလိုက်တယ် ဆီ Flow ကိုလည်း များများနဲ့ပြင်းပြင်းဖြန်းလိုက်တဲ့ပုံစံမျိုးပေါ့...အသုံးပြုရတာ လွယ်ကူပါတယ်...Manual မှာပါတဲ့အတိုင်း ကြိုးတွေဆက်လိုက်ရုံပါပဲ...Plug and Play ပုံစံပါပဲ...အဲ ပြီးတော့ ခလုတ်လေးတွေနဲ့ မိမိစိတ်ကြိုက်Setting တွေလည်းချိန်ညှိလို့ရပါသေးတယ်...ဖင်ထိုင်ခုံ အောက်မှာတပ်ကြသလို Water proof ဖြစ်တဲ့အတွက်Cockpit ပေါ်မှာလည်းတပ်ကြပါတယ်...Cockpit ပေါ်မှာဆိုတော့ မောင်းနေရင်း ချိန်လို့ရတာပေါ့...FMF full Exhaust system နဲ့ EJK EFI က စုစုပေါင်း $ 1000 လောက်ကျနိုင်ပါတယ်...Performance ကတော့မိမိတပ်ဆင်တဲ့အပေါ်မူတည်ပြီး 25HP ကနေ 28 HP အထိတက်လာနိုင်ပါတယ်...မူရင်းဈေး $4500 နဲ့ နောက်ထက် $1000 စုစုပေါင်း $5500 နဲ့
$6700 တန် WR ထက်သာတဲ့ Performance မျိုးရတယ်...ပြီးတော့ မိမိစိတ်ကြိုက်လည်းဆင်လို့ရတဲ့အတွက် ပိုပြီးရင်ခုန်ကြတာပါ...CBR250R နဲ့ CRF250L ရဲ့ အဓိက ကွာခြားချက်ကတော့ Clutch အုံပဲဖြစ်ပြီးCRF မှာ Spring နှစ်ကွင်းပါလာတာပဲရှိပါတယ်...ရှေ့ Sprocket နဲ့ နောက်Sprocket လည်းကွာခြားပါတယ်...အဲ့ဒါတွေကြောင့် CBR250R က 26HP ထွက်ပြီး CRF250L ကတော့ 23HP ပဲထွက်တာပါ...Honda က လည် ပါတယ်ခင်ဗျ...CBR250R တွေရဲ့ ထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်ပေမယ့် ကျန်ရှိနေတဲ့ စက်ရုံကManufacturing machines တွေနဲ့ CBR ရဲ့ အင်ဂျင်ကိုတော့ ထုတ်လို့ရနိုင်တုန်းပဲလေ...CRF250L နဲ့ CRF250M တွေမှာ သုံးလိုက်တာပေါ့...အင်ဂျင်ထုတ်တဲ့စက်ပစ္စည်း တွေ အလကားမဖြစ်တော့ဘူးပေါ့ဗျာ...ဥပမာ...မိုလောင်းတဲ့Machines တွေလိုပေါ့...ဒီဆိုင်ကယ်အမျိုးအစားကို ဆက်မထုတ်တော့ပေမယ့်အင်ဂျင်ကိုတော့ ဆက်ထုတ်ပြီး တခြားဆိုင်ကယ်မှာ တပ်လိုက်တာပေါ့ဗျာ...CBR250R အစား CBR300R ကို ဆက်ထုတ်ပါတယ်...Single Cylinder EnginesBeginner အဆင့် တွေမှာ CBR150R နဲ့ CBR300R ပေါ့...နောက်တစ်ဆင့်Intermediate level မှာတော့ Parallel Twin CBR500R ပေါ့ဗျာ...နောက်တစ်ခုက 2012 ထိုင်းမှာ စထုတ်ထုတ်ချင်း ဝယ်ပြီးစီးကြတာ...အဲ့မှာ Offroad တွေမှာ အကြမ်းပတမ်းစီးကြတော့ ဘာဖြစ်လဲဆိုတော့ကာClutch ချော်တဲ့ပြဿနာတက်ကြတယ်ခင်ဗျ...တော်တော်များများပါပဲ...Honda Service Centers တွေကလည်း မမျှော်လင့်ထားတဲ့ ပြဿနာဆိုတော့Clutch ပြားအပိုတွေ Cable တွေမရှိတော့ ဂျပန်ပြန်မှာရတယ်...အဲ့ဒီမှာCRF owners တွေ တစ်ပတ်လောက်တော့ စောင့်လိုက်ရတယ်ဗျ...နောက်ပိုင်း2013 တွေမှာ Clutch ပြဿနာမရှိတော့ပါဘူး...2012,2013,2014 တွေကStickers ဒီဇိုင်းတွေတူကြပါတယ်...2015 မှာတော့ Stickers ဒီဇိုင်း ပြောင်းသွားပါတယ်...Honda ဘီးတွေရဲ့ထုံးစံပေါ့လေ...မော်ဒယ်အမြင့်တွေကို ထူးထူးခြားခြားပြောင်းလဲတာမရှိပဲ Stickers လေးတွေပဲ ပြောင်းသွားတာမျိုးပေါ့...အဲ...2013,2014 တွေမှာ Dirty is Tasty version, ကတော့ Stickers ပုံပြောင်းပါတယ်...Special Offroad version ပေါ့လေ...

နောက်ဆုံးပြောရရင်တော့ CRF250L က Offroad ထက် Onroad မှာ ပိုငြိမ်တယ်ပိုစီးလို့ကောင်းတယ်...ပိုပြီး သက်တောင့်သက်သာရှိတယ်...User friendly ဖြစ်တယ်...စီးရမောင်းရတာ Instruments တွေ အသုံးပြုရတာ လွယ်ကူမှုရှိတယ်ပေါ့...ဆီစားနှုန်းလည်းသက်သာတယ်...EFI ဖြစ်တဲ့ အတွက် ရာသီဥတု နဲ့ နေရာဒေသမရွေး အဆွဲအရုန်း ပုံမှန်ရှိတယ်...Seat Height နိမ့်တော့ ထိန်းရကျောင်းရလွယ်ကူတယ်...Offset Cylinder ဖြစ်တဲ့အတွက်ညက်ညောမှုရှိပြီး LowMaintenance ဖြစ်စေတယ်...အဓိကက ရုပ်ထွက်လည်းလှပြီး ဈေးသက်သာတာပေါ့လေ...% နဲ့ကြည့်မယ်ဆိုရင် Offroad 40% နဲ့ Onroad 60% ရှိတယ်...ဒီကောင်ရဲ့ အားနည်းချက်က weight လေးတာပါ...320 ပေါင်လေ...WR250R က Offroad 50% Onroad 50% နဲ့ KLX250S က Offroad 60% နဲ့Onroad 40% ရှိပါတယ်...ခြုံပြောရရင် CRF က စီးရတာ သက်တောင့်သက်သာအရှိဆုံးဖြစ်ပြီး WR က Performance အကောင်းဆုံးပါ...KLX က ပြဿနာနည်းပြီး Offroad ပိုကောင်းပါတယ်...

Specifications တွေက...
249cc, Single Offset Cylinder,Liquid Cooled,
Bore 76mm နဲ့ Stroke 55mm
DOHC 4 Valves per Cylinder,
Compression Ratio 10.7:1 ,
PGM EFI , 6 speed Transmissions,
Wet multiplate clutch,
Fuel gauge ပါလာပါတယ်
(WR နဲ့ KLX မှာ Fuel low warning light ပဲပါတာပါ)
Seat Height 34.7 inches ရှိပါတယ်
Weight 320lbs လေးလံပါတယ်
Highway MPG 60 နဲ့ Average က 58 MPG ပါ...
Fuel Capacity 2.0 gal ,
Oil Capacity 1.4 Litres ,
Recommended Oil , SAE 10W 30
Oil Change Interval ,1000 km ,

အားနည်းချက်တွေကတော့...
ကျွန်မက ပြိုင်ဘက်ဘီးတွေထဲမှာ
Power output အနည်းဆုံးပါ မောင်...
Front Suspension ချိန်လို့မရပါဘူး မောင်...
နောက်ပြီး ပြိုင်ဘက် ဘီးတွေနဲ့ ယှဉ်လိုက်ရင် ကျွန်မက နည်းနည်း ဝ ပါတယ် မောင်...
အဲလေ...Weight နည်းနည်း ပိုလေးပါတယ် မောင်...
Supermoto သမားတွေအတွက်တော့ CRF250M,WR250X နဲ့ D Tracker 250 ဆိုပြီးလာကြပါတယ်... အားလုံးက Road trye ရှေ့ 110mm နဲ့ နောက် 130mm ရှိကြပြီး...ရှေ့ Sprocket နဲ့နောက် Sprocket တွေပြောင်းသွားတာပါ... ထူးခြားချက်အနေနဲ့ D Tracker 250 က EFI နဲ့ဖြစ်လာပါတယ်... Supermoto ဆိုရင်တော့ 13 tooth Sprocket နဲ့ တွဲရမှာဖြစ်ပါတယ်...

အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ
Sharing knowledge is developing mankind
By Lawrence Peace
နောက်ထပ် သတင်အသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်

No comments:

Post a Comment

 
Designed BY Myanmar MotorCycle