Rose Riders ဇာတ်ကားကြီးအတွက် ဆိုင်ကယ်ဆင်ပေးခဲ့တဲ့ ကိုဂျွန်ခွား

May 28, 2017

မင်းမော်ကွန်း၊ နေတိုး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနဲ့ ရဲလေးတို့ ပါဝင်မယ့် Rose Riders ဇာတ်ကားကြီးအတွက် ဆိုင်ကယ်တစ်စီးကိုတော့ ကိုဂျွန်ခွားက အကောင်းဆုံး ဆင်ပေးပြီးခဲ့ပါပြီ။ “အိုင်ဒီကယာက ကိုကြံ့
(ကျော်ကျော်ဗို) ရဲ့ အိုင်ဒီယာပါ။ ဆင်ပေးရတဲ့ ဘီးကတော့ Honda 400cc ပေါ့။ နောက်ထပ်ဘီးတွေလည်း လုပ်ပေးရဦးမယ်။ ဒါကတော့ ကိုမင်းမော်ကွန်းအတွက်ပါ” လို့ ကိုဂျွန်ခွားက Duwun Media ကို ဖြေကြားခဲ့ပါတယ်။ ကျော်ကျော်ဗိုဟာ နေပြည်တော်၊ တပ်ကုန်းမှာနေထိုင်တဲ့ ကိုဂျွန်ခွားဆီအထိ သွားအပ်တယ်ဆိုတော့ သူ့ရဲ့လက်ရာကို တော်တော်လေး သဘောကျလို့သာပါ။


“Rose Riders မှာကျွန်တော်စီးဖို့ဒီဘီးလေးကို ဒီလိုကြီးဖြစ်သွားအောင် ဖိုင်းထားတယ်။ Great Idea ကြံ့..လက်ရာသိပ်ကောင်းတဲ့ကိုဂျွန်ခွား ကျေးဇူး” လို့ မင်းမော်ကွန်းက ရေးသားပြီး သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ ပုံတွေထဲမှာ မင်းမော်ကွန်းကို အလန်းစားဆိုင်ကယ်ကြီးပေါ်မှာ တွေ့ရပြီး ကိုဂျွန်ခွားကတော့ စိတ်ဝင်တစားးနဲ့ ဆိုင်ကယ်ကို လိုသလို ပြုပြင်နေပုံတွေကို မြင်တွေ့ရပါတယ်။ အခုဆင်ပေးလိုက်တဲ့ Honda 400cc ရဲ့တန်ဖိုးက အနိမ့်ဆုံး သိန်း ၂၀ ကနေ သိန်း ၄၀ ကျော်အတွင်း တန်ကြေးရှိနိုင်တယ်လို့ ကိုဂျွန်ခွားက ခန့်မှန်းထားပါတယ်။ “ကျွန်တော်ပြန်ပြီး ပြင်ပေးရတဲ့ ပစ္စည်းဖိုးတွေနဲ့ ကျွန်တော့်လက်ခအပါအဝင် ၄ သိန်း၊ ၅ သိန်းလောက် ရှိတယ်။ လိုင်စင်ဝင်တာနဲ့ဆိုရင် မူရင်းဆိုင်ကယ်ဖိုးမပါ သိန်း ၃၀ လောက်ကုန်ပါမယ်” လို့လည်း ကိုဂျွန်ခွား ဆိုပါတယ်။ အခုဆိုင်ကယ်တစ်စီးတန်ဖိုးတင် အနည်းဆုံး သိန်း ၅၀ ကျော်လောက်တန်နေပြီး Roseriders ဇာတ်ကားကြီးထဲမှာ မော်ဒယ်မြင့် သိန်း ၂၀၀ – ၃၀၀ တန်တဲ့ ဆိုင်ကယ်တွေလည်း သုံးသွားမယ်လို့ ကိုဂျွန်ခွားဆီက သိရပါတယ်။ Photos : ကိုဂျွန်ခွားဖေ့စ်ဘွတ်

No comments:

Post a Comment

 
Designed BY Myanmar MotorCycle