ရန်ကုန်မှာ လူဖြစ်ရတာ ဝမ်းနည်းတယ်ဆိုတဲ့ မင်းမော်ကွန်း

May 28, 2017

အကြောင်းရင်းကတော့ တစ်ခုတည်းပါပဲ။သရုပ်ဆောင် မင်းမော်ကွန်းဟာ သူဝါသနာပါတဲ့အရာတစ်ခုကို ရန်ကုန်မှာ လုပ်ခွင့်မရတဲ့အတွက် ဝမ်းနည်းတယ်လို့ ဆိုခဲ့တာပါ။ ဒီနေ့ သူစီးရမယ့် ဆိုင်ကယ်ကြီး
ကို အကောင်းဆုံးပြင်ဆင်လို့အပြီးမှာ မင်းမော်ကွ န်းက ဆိုင်ကယ် မစီးဖြစ်ခဲ့တဲ့ အကြောင်းရင်းတွေကို ရင်ဖွင့်ခဲ့ပါတယ်။ သူ ဆိုင်ကယ်နဲ့ အဆက်ပြတ်ခဲ့ရတဲ့ အဓိက အကြောင်းရင်း ၄ ခုကို ပြောခဲ့ပါတယ်။ “၁။ ကျွန်တော် ဆိုင်ကယ် စီးဖို့ အဖေ အမေ က တားတယ်(ကျွန်တော့်သားလေးရလာထဲကပေါ့).. ၂။ ကျွန်တော့် ငယ်သူငယ်ချင်(ဒါရိုက်တာတစ်ယောက်ရဲ့ညီ) ဆိုင်ကယ်မှောက်ပြီးဆုံးတယ်..၃။ ကျွန်တော်မြေပဲယိုမဖွဲ့ခင် Lucifer ဆိုပြီး band ဖွဲ့ခဲ့တယ်။ အဲ့ဒီက Drum သမား ကိုဖဦးထုပ် ဆိုင်ကယ်မှောက်တာမသေရုံပဲ..၄။ ကျွန်တော့် ကိုယ်ကျွန်တော်ထက်မိသားစုကို ပိုဖြည့်ဆည်းပေးချင်ခဲ့တယ် ဥပမာ ကျွန်တော့်VCD ထွက်ရေးထက်သားသမီးကျောင်းစရိတ်တွေပါ” လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ အရာရာအဆင်ပြေနေပြီဖြစ်တဲ့အတွက် ဆိုင်ကယ် တွေကို စုဆောင်းဖို့ မင်းမော်ကွန်း က စဉ်းစားနေပါပြီ။ “အခုတော့ အသက်ရလာပြီ..ဆိုင်ကယ် တွေ collect လုပ်ချင်လာပြီ..စီးဖို့ထက် သိမ်းထားဖို့ပေါ့ ရန်ကုန်မှာလူဖြစ်ရတာ ဝမ်းနည်းကြောင်း” လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ မင်းမော်ကွန်းဟာ ဒီနေ့မှာပဲ သူစီးမယ့် ဆိုင်ကယ်ကြီး ကို ဆင်လို့ပြီးခဲ့တာ ဖြစ်ပါတယ်။ ဒီ ဆိုင်ကယ် ဟာ သူနဲ့အတူ နတိုး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနဲ့ ရဲလေးတို့ ပါဝင်မယ့် Rose Riders ဇာတ်ကားကြီး အတွက်လို့ သိရပါတယ်။ Honda 400cc အမျိုးအစားဖြစ်ပြီး ဆိုင်ကယ်ဖိုးမပါ လိုင်စင်နဲ့ ပြန်လည်ပြင်ဆင်စရိတ်တင် သိန်း ၃၀ လောက်ရှိတယ်လို့လည်း အဲဒီဆိုင်ကယ်ကြီးကို ပြန်ဆင်ပေးခဲ့တဲ့ ကိုဂျွန်ခွားက ပြောခဲ့ပါတယ်။

No comments:

Post a Comment

 
Designed BY Myanmar MotorCycle