KTM ဆိုင်ကယ်များနဲ့ RacingTeams များရဲ့Official အဓိက အရောင်မှာလိမ္မော်ရောင်ဖြစ်ပြီးဒုတိယအရောင်အဖြစ်အနက်ရောင်နဲ့တတိယအရောင်အဖြစ်ငွေရောင်တို့ကိုအသုံးပြုကြပါတယ်။ ၁၉၈၀ဝန်းကျင် Motocross ပြိုင်ပွဲတွေမှာအနိုင်ရဗိုလ်စွဲပြီးတဲ့နောက်လူကြိုက်များထင်ရှားလာခဲ့တယ်လို့ပြောလို့ရပေမယ့် ကုမ္ပဏီရဲ့သမိုင်းကြောင်းကိုသေသေချာချာလေ့လာကြည့်ရင်တော့၁၉၃၄ခုနှစ်ကတည်းကစတင်ခဲ့တာကိုတွေ့ရပါတယ်။ ဩစတြီးယန်းအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ HansTrunkenpolz ဟာ၁၉၃၄ခုနှစ်ဩစတြီယားနိုင်ငံ Mattighofen မြို့လေးမှာသူ့ရဲ့သံဖြူလုပ်ငန်းနဲ့တွဲလျှက် သော့ပြင်သော့ဖျက်
ဆိုင်လေးကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဆိုင်ဖွင့်စမှာနာမည်ရေရေရာရာမရှိခဲ့ပေမယ့်၁၉၃၇ခုနှစ်အရောက်မှာ DKW တံဆိပ်မော်တော်ဆိုင်ကယ်များနဲ့ Opel တံဆိပ်မော်တော်ကားများကိုကိုယ်စားလှယ်ယူရောင်းချရင်းဆိုင်ရဲ့နာမည်ကို Kraftfahrzeuge Trunkenpolz Mattighofen ဆိုပြီးစတင်အမည်ပေးခဲ့ပါတယ်။ (နောက်ပိုင်းတော့ရှေ့စာလုံးများဖြစ်ကြတဲ့ KTM ကိုပဲအတိုခေါက်ခေါ်ဆိုရင်း KTM လို့ပဲအမည်တွင်သွားပါတယ်။) Kraftfahrzeuge ကာ့ဖ်တ်ဖာဆော့(ရစ်ခ်) ဆိုတာကဂျာမန်စကားလုံးဖြစ်ပြီး MotorVehicle ခေါ်အင်ဂျင်တပ်ဆင်ထား သောယာဉ် (ကားနဲ့ဆိုင်ကယ်များအပါအဝင်)လို့အဓိပ္ပါယ်ရောက်ပါတယ်။
Trunkenpolz ကလူရဲ့အမည်ဖြစ်ပြီး Mattighofen ကတော့ယခင်က သော့ပြင် ဆိုင်လေး စတင်ဖွင့်ခဲ့တဲ့မြို့လေးရဲ့အမည်ပဲဖြစ်ပါတယ်။ Mattighofen ကိုတော့ဥရောပလူမျိုးများက"မာ့တိုင့်ဂိုဖန်"လို့အသံထွက်ကြပြီးအင်္ဂလိပ်လူမျိုးများကတော့"မတ်တိုက်ယိုဖင်"လို့အသံထွက်ကြပါတယ်။ဒါပေမယ့်ဆိုင်ကို အမည်ပေးဆိုင်းဘုတ်တင်ရုံပဲလုပ်ခဲ့ပြီးအမည်ကိုတော့မှတ်ပုံတင်ခြင်းမရှိခဲ့ပါဘူး။
၁၉၄၀ဝန်းကျင်ဒုတိယကမ္ဘာစစ်အတွင်းလူသုံးကုန်ဆိုင်ကယ်နဲ့ကားတွေ မရောင်းရတဲ့အခါမှာစစ်တပ်သုံးယာဉ်များရဲ့ဒီဇယ်အင်ဂျင်များပြုပြင်တဲ့
လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါတယ်။စစ်ပြီးခေတ်ရောက်တဲ့အခါမှာတော့စစ်ဒဏ်
ကြောင့်စက်မှူအလုပ်ရုံများပျက်စီးခဲ့တဲ့အတွက်မော်တော်ယဉ်တွေလည်း
မထုတ်လုပ်နိုင်ထုတ်လုပ်ပြီးသားယဉ်တွေကလည်းစစ်အတွင်းမှာပြန်ပြီးပြု
ပြင်မရနိုင်အောင်ပျက်စီးဆုံးရှုံးခဲ့တာကြောင့်Trunkenpolzရဲ့Workshopလေး
လည်းတဖြည်းဖြည်းနဲ့အလုပ်ပါးလာခဲ့ပါတယ်။အလုပ်ရုံကလည်းအလုပ်ပါး
လာတော့စားဝတ်နေရေးပြေလည်စေဖို့ထုတ်ကုန်ပစ္စည်းအဖြစ်မော်တော်ဆိုင်
ကယ်တွေကိုကိုယ်တိုင်တပ်ဆင်ထုတ်လုပ်ပြီးရောင်းချဖို့အကြံဥာဏ်ရလာခဲ့ပါတယ်။၁၉၅၁ခုနှစ်မှာတော့KTMရဲ့ပထမဦးဆုံးမော်တော်ဆိုင်ကယ်အဖြစ်
R100လို့အမည်ပေးထားတဲ့ဆိုင်ကယ်လေးကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။၁၉၅၃
ခုနှစ်မှာစီးပွားရေးသမားတစ်ဦးဖြစ်တဲ့Ernst Kronreifကရှယ်ယာအများအပြား
ပိုင်ဆိုင်တဲ့အတွက်ကုမ္ပဏီကို Kronreif & Trunkenpolz Mattighofenလို့ပြောင်း
ပြီးမှတ်ပုံတင်ခဲ့ပါတယ်။R100ကိုအလုပ်သမား၂၀နဲ့အိမ်တွင်းအလုပ်ရုံလေးမှာပဲတပ်ဆင်ထုတ်လုပ်ပြီးအင်ဂျင်ကိုတော့Fichtel & Sachs(ယခုRotax) ကုမ္ပဏီ ထုတ် အင်ဂျင်ကိုတပ်ဆင်ထားပါတယ်။(Rotax ကုမ္ပဏီဟာဂျာမနီမှာ စတင် ထောင်ခဲ့ပြီး၁၉၃၀ဝန်းကျင်တွေမှာဂျာမန်ပိုင် Fichtel & Sachsကုမ္ပဏီ
ကဝယ်ယူခဲ့ပါတယ်။အဲ့ဒါကြောင့်၁၉၃၀ဝန်းကျင်Rotaxအင်ဂျင်တပ်ဆင်ထားတဲ့ယဉ်တွေရဲ့အင်ဂျင်မှာSACHSဆိုတဲ့တံဆိပ်ကိုပဲတွေ့မြင်ရမှာပါ။
Rotaxဟာ၁၉၄၃ခုနှစ်မှာရှယ်ယာပိုင်ဆိုင်မှုတွေအရAustriaနိုင်ငံကိုပြောင်းရွှေ့ခဲ့ရပါတယ်။)၁၉၅၄ခုနှစ်မှာတော့အစီးရေတစ်ရာမြောက်
R100ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။၁၉၅၄မှာပဲ Austrian 125 National Championship ပြိုင်ပွဲမှာအနိုင်ရခဲ့ပါတယ်။ ၁၉၅၆မှာကျင်းပပြုလုပ်ခဲ့တဲ့ International SixDays Trials Enduro ပြိုင်ပွဲမှာ KTM Rider ကရွှေတံဆိပ်ဆုကိုရယူနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲတွေမှာအနိုင်ရရှိခဲ့ပြီး နောက်ပိုင်းမှာKTMကပြိုင်ပွဲတွေကိုဆိုင်ကယ်တွေရဲ့စမ်းသပ်စရာနေရာတစ်ခုအဖြစ်သဘောထားခဲ့ပါတယ်။
၁၉၆၄ခုနှစ်မှာKTMရဲ့ပထမဦးဆုံးScooterအဖြစ်Mirabellကိုထုတ်လုပ်ခဲ့ပြီးကုမ္ပဏီသက်တမ်းနှစ်၄၀ပြည့်တဲ့၁၉၇၄ခုနှစ်မှာတော့မတူညီတဲ့မော်ဒယ်စုစုပေါင်း၄၂မျိုးကိုတင်ပို့ရောင်းချနိုင်ခဲ့ပြီးဖြစ်ပါတယ်။
၁၉၅၅ခုနှစ်မှာTourist125ccကိုတီထွင်နိုင်ခဲ့ပြီး၁၉၅၇ခုနှစ်မှာတော့ကုမ္ပဏီရဲ့ပထမဆုံးSportဆိုင်ကယ်ဖြစ်တဲ့Trophy125ccနဲ့ Moped ခေါ် Scooterအသေးစား ဖြစ်တဲ့Meckyကိုထုတ်လုပ်နိုင်ခဲ့ကြပါတယ်။၁၉၅၉မှာဆိုင်ကယ်ထုတ်လုပ်မှု တွေ ကိုခတ္တခဏရပ်ဆိုင်းခဲ့ပြီး Mopedနဲ့ Scooter များကိုသာဦးစားပေး ထုတ် လုပ်ခဲ့ပါတယ်။၁၉၆၀ခုနှစ်မှာPonnyIနဲ့၁၉၆၂ခုနှစ်မှာ PonnyII Mopedလေးများ ကိုထုတ်လုပ်ခဲ့ပြီး၁၉၆၃ခုနှစ်မှာCometအမည်ရMopedလေးကိုစတင်ထုတ်လုပ်ခဲ့ကြပါတယ်။၁၉၆၆ခုနှစ်မှာတော့Cometအစီးရေတစ်သောင်းပြည့်အောင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
KTMဟာ၁၉၆၀ဝန်းကျင်တွေမှာလည်းဈေးကွက်လိုအပ်ချက်အရစက်ဘီးထုတ်လုပ်မှုကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။
၁၉၆၈မှာတော့KTMရဲ့Dirt Bike အပီသဆုံးမော်ဒယ်အဖြစ် Cross County Six Days Dirt Bike Penton ကိုအမြောက်အများထုတ်လုပ်ခဲ့ပြီးအမေရိကားကိုတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။KTMဟာ၁၉၇၀ပြည့်နှစ်မှာကိုယ်ပိုင်အင်ဂျင်ထုတ်လုပ်နိုင်အောင်စတင်သုတေသနပြုကြိုးစားခဲ့ကြပါတယ်။
၁၉၇၃ခုနှစ်မှာတော့KTMရဲ့ကိုယ်ပိုင်eအင်ဂျင်တပ်ဆင်ထားတဲ့Motocrossပြိုင်ပွဲဝင်250cc,DirtBikeနဲ့Enduroပြိုင်ပွဲဝင်250cc,DirtBikeတို့ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။
၁၉၇၄ခုနှစ်မှာတော့250cc Class, Motocross World Championship ပြိုင်ပွဲမှာ Champion ဖြစ်ခဲ့ပြီးစက်ဘီး ပုံစံရှိတဲ့ HobbyIII Moped လေးကိုတစ်နှစ်ထဲမှာပဲ စတင် မိတ်ဆက် ခဲ့ပါတယ်။ ၁၉၇၅ခုနှစ်မှာ Comet မော်ဒယ်ကို 125cc အင်ဂျင် တပ်ဆင်ပြီး Comet Grand Prix 125RS ဆိုတဲ့Scooterဆိုင်ကယ်ကိုထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၆မှာ ကိုယ်ပိုင် 125ccအင်ဂျင်တွေကိုစတင်ထုတ်လုပ်ခဲ့ပြီး ၁၉၇၈ မှာတော့ အမေရိကား အခြေစိုက် KTM America Inc မှ 50cc အင်ဂျင်တပ်ဆိုင်ကယ်လေး များကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။၁၉၈၁မှာပထမဦးဆုံး Water Cooled အင် ဂျင်တပ် 125cc Motocross ပြိုင်ဘီးတွေကိုထုတ်လုပ်နိုင်ခဲ့ပြီး DirtBike များကြား လူကြိုက်များခဲ့ပါတယ်။၁၉၈၂မှာMotocrossမော်ဒယ်များရဲ့နောက်Suspension System ကိုအဆင့်မြင့် Pro Lever Rear Suspension System ဖြင့်အစားထိုး နိုင်ခဲ့ပြီး 4stroke, WaterCooled အင်ဂျင်များကိုစတင်စမ်းသပ် ထုတ်လုပ် ခဲ့ပါ တယ်။
၁၉၈၆မှာတော့ Off Road Dirt Bike များရဲ့ရှေ့နောက်ဘရိတ်များအားလုံးကို Disc ဘရိတ်တပ်ဆင်နိုင်တဲ့ပထမဦးဆုံးထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။ထို
အချိန်တုန်းကYamaha က DT series များကို Drum Type နောက်ဘရိတ်များ
သာသုံးကြပြီး၁၉၈၈ခုနှစ်မှစတင်ပြီးရှေ့နောက်Discဘရိတ်များအသုံးပြုနိုင်
ခဲ့ပါတယ်။၁၉၈၇မှာ 650cc, Single Cylinder,4stroke,Water Cooled,Overhead Camshaft အင်ဂျင်ကိုစတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။၁၉၈၂မှာ Scooter တွေရဲ့ ရောင်းအား ကျဆင်းလာခဲ့ပြီး ၁၉၈၈မှာတော့ Mopedနဲ့ Scooterများ ထုတ်လုပ် ခြင်းကို အပြီးတိုင်အဆုံးသတ်ခဲ့ကြပါတယ်။၁၉၈၉မှာ KTMရဲ့ Founder ကြီး Hans Trunkenpolz ကွယ်လွန်ခဲ့ပြီးကုမ္ပဏီလည်း ငွေကြေးကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၁၉၉၁မှာကုမ္ပဏီမှဒေဝါလီခံရကြောင်းအတိအလင်း ကြေငြာပြီးအစိုးရဘဏ်များဆီမှအကူအညီယူခဲ့ရပါတယ်။ကုမ္ပဏီကိုပြန်ပြီးကယ်တင်နိုင်အောင်မော်တော်ဆိုင်ကယ်တစ်မျိုး တည်းသာမထုတ်လုပ်ပဲ Radiators (Coolingရေတိုင်ကီ)၊ စက်ဘီးနဲ့ Tooling (စပန်နာ၊ပလာယာ၊ဂွအစ ရှိတဲ့ စက်ပစ္စည်းများဖြုတ်တပ်ရာတွင်အသုံးပြုသောကိရိယာများ)များကို ထပ်တိုး ပြီးထုတ်လုပ်ခဲ့ရပါတယ်။၁၉၉၂မှာတော့ KTMရဲ့ မော်တော်ဆိုင်ကယ် ဌာနမှ KTM Sportsmotorcycle Division ကိုထပ်မံဖွင့်လှစ်ခဲ့ပါတယ်။
၁၉၉၄မှာ KTM Sportsmotorcycle ဌာနမှ Road Going မော်ဒယ်အဖြစ်နာမည်ကျော် Duke series ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၉၅ မှာတော့ဆွီဒင် မော်တော် ဆိုင်ကယ် ကုမ္ပဏီ Husaberg ကိုဝယ်ယူနိုင်ခဲ့ ပြီး Suspensions တွေအဓိက ထုတ်လုပ်တဲ့ WP (WhitePower) Suspension ကုမ္ပဏီကိုလည်း ဝယ်ယူနိုင် ခဲ့ပါ တယ်။ White Power ကုမ္ပဏီမှာမူလကတော့ Dutch ဒတ်ခ်ျအခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီးဆေးရုံသုံးစပရင်မွေ့ယာတွေထုတ်လုပ်ပါတယ်။ ၁၉၈၀နဲ့ ၁၉၉၀ ဝန်းကျင်တွေမှာအမေရိကားမှနာမည်ကြီးကုန်သည်များဖြစ်ကြတဲ့ White Brothers ညီနောင်နဲ့အမည်ချင်းဆင်တူပြီး လူတွေကမှားယွင်းခဲ့ကြပါတယ်။ ပြီးတော့ White Power (အဖြူရောင်စွမ်းအား)ဆိုတာလည်း (လူဖြူလူမည်းအာရှ) လူမျိုးရေးခွဲခြားမှုအဓိပ္ပါယ်သက်ရောက်စေတာကြောင့်ကုမ္ပဏီမှ WP Suspensions ဆိုပြီးအမည်ပြောင်းခဲ့ရပါတယ်။
WP ကုမ္ပဏီမှာနောက်ပိုင်းမှာတော့ Netherlands နယ်သာလန်နိုင်ငံ ကိုရောက် ရှိခဲ့ ပြီး မော်တော်ဆိုင်ကယ်ရဲ့ ဖရိမ်နဲ့ Suspensions များကိုထုတ်လုပ်ခဲ့ပါ တယ်။ KTM မှဝယ်ယူပြီးနောက်ပိုင်း ၁၉၉၉ ခုနှစ်မှာဩစတြီးယားနိုင်ငံ Munderfingမြို့ငယ်လေးသို့စက်ရုံကိုပြောင်းရွှေ့စေခဲ့ပါတယ်။Munderfingမြို့လေးဟာ KTMရုံးချုပ်နဲ့Mainစက်ရုံတည်ရှိရာMattighofenမြို့နဲ့မိုင်အနည်းငယ်ပဲဝေးကွာပါတယ်။
နယ်သာလန်နိုင်ငံမှာကျန်ရှိခဲ့တဲ့WPစက်ရုံကတော့KTMရဲ့ Racing အတွက်သီးသန့်အရည်အသွေးအလွန်ကောင်းမွန်တဲ့ WP Suspensionsများကိုလက်ရှိအချိန်အထိထုတ်လုပ်လျှက်ရှိပါတယ်။၁၉၉၆မှာ
LC4, Liquid Cooled အင်ဂျင်များကိုElectricStarterနဲ့တွဲပြီးထုတ်လုပ်နိုင်ခဲ့ပါ
တယ်။
၁၉၉၇မှာတော့620cc,SingleCylinder,LC4အင်ဂျင်တပ်RoadGoing
မော်ဒယ်Supermotoနဲ့KTMရဲ့ပထမဦးဆုံးAdventureမော်တော်ဆိုင်ကယ်LC4Adventure တို့ကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။၁၉၉၈ခုနှစ်မှာ
2stroke Dirt Bikes တွေအတွက် PDS Linkless Rear Suspension System ကို
တီထွင်နိုင်ခဲ့ပြီး125ccနဲ့ 200cc 2stroke Dirt Bikeမော်ဒယ်အသစ်များကိုမိတ်
ဆက်နိုင်ခဲ့ပါတယ်။PDS ဆိုတာကတော့Progressive Damping Systemဖြစ်ပြီး
အခြား Makers တွေကထုတ်တဲ့ Dirt Bike တွေရဲ့Rear Mono Suspensionနဲ့
မတူပါဘူး။ပုံမှန် Dirt Bike တွေရဲ့ Rear Mono Suspension မှာ Link လို့ခေါ်တဲ့ အဆက်ပါရှိပြီးSuspensionရဲ့စပရင်က၎င်း Link ပေါ်မှာထိုင်ထားပါတယ်။
PDS Suspension ကတော့ Link မပါပဲနောက် Swingarm ပေါ်မှာပဲစပရင်ကို
ဒါရိုက်ထိုင်ထားပါတယ်။(ပုံမှန်RoadGoingဆိုင်ကယ်များမှာအသုံးပြုထား
တဲ့ Rear Mono Suspension နဲ့ဆင်တူပါတယ်။)PDS ရဲ့အားသာချက်ကတော့
Link မပါတဲ့အတွက် Suspension ကိုကောင်းစွာကစားနိုင်ပြီးအင်မတန်ကြမ်း
တမ်းတဲ့ OffRoad လမ်းတွေပေါ်မှာလည်းအဆင်ပြေစွာမောင်းနှင်နိုင်ပါတယ်။
Maintainenceလည်းနည်းပါးပြီးပျက်ရင်လည်းပြုပြင်ရလွယ်ကူပါတယ်။အား
နည်းချက်ကတော့ Link ပါတဲ့ Suspension တွေလိုထိုင်ခုံကိုအများကြီးနှိမ့်လို့
မရပါဘူး။အဲ့ဒါကြောင့် Seat Height တော့အတော်လေးမြင့်ပါတယ်။(Linkပါ
တဲ့Systemတွေမှာတော့ Seat Height ကိုတော်တော်များများနှိမ့်လို့ရပေမယ့်
အင်မတန်ကြမ်းတမ်းတဲ့ OffRoad လမ်းတွေမှာတော့ဒုက္ခပေးနိုင်ပါတယ်၊
Suspension အထက်အောက်များစွာမကစားနိုင်ပဲအခန့်မသင့်ရင်တော့ Link
ကျိုးသွားနိုင်သလို Link တွေရဲ့အဆက်နေရာက Bearings တွေလည်းပျက်စီး
သွားနိုင်ပါတယ်။)
၁၉၈၀ ဝန်းကျင်တွေမှာ KTM ကုမ္ပဏီရဲ့အဓိကရှယ်ယာပိုင်ဆိုင်သူ Ernst Kronreif နဲ့ကုမ္ပဏီတည်ထောင်သူ Hans Trunkenpolz တို့ကွယ်လွန်ပြီး နောက် ပိုင်း သားဖြစ်သူ Erich Trunkenpolz ကကုမ္ပဏီကိုအမွေဆက်ခံပြီး တာဝန် ယူခဲ့ ပါ တယ်။ Kronreif လက်ထက်မှတ်ပုံတင်ထားတဲ့ Kronreif & Trunkenpolz Mattighofen ဆိုတဲ့အမည်မှဖခင်ဖြစ်သူပေးထားခဲ့တဲ့ ယခင်ကအမည်ဖြစ်တဲ့ Kraftfahrzeuge Trunkenpolz Mattighofen (KTM) အမည်သို့ပြန်လည်ပြောင်း
လဲပြီးမှတ်ပုံတင်နိုင်ခဲ့ပါတယ်။"Ready to Race"ဆိုတာက KTM ရဲ့ဆောင်ပုဒ်
ဖြစ်ပြီး Husaberg ဆီကယူသုံးထားတာဖြစ်ပါတယ်။ဆွီဒင် Dirt Bike မော်တော် ဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Husaberg (ဟူစာဘတ်ခ်)ကို KTMမှ၁၉၉၅ခုနှစ် မှာ ဝယ်ယူခဲ့ပြီး၂၀၀၃ခုနှစ်မှာ Husaberg စက်ရုံကိုKTMရဲ့ရုံးချုပ်နဲ့ Main စက် ရုံတည်ရှိရာMattighofenမြို့သို့ပြောင်းရွှေ့ခဲ့ကြပါတယ်။Husabergကိုဝယ်ယူပြီးကုမ္ပဏီရဲ့လက်ဆွဲဆောင်ပုဒ်ဖြစ်တဲ့"Ready to Race"ကိုKTMမှယူသုံးခဲ့ပါတယ်။ DirtBikeသီးသန့်သာထုတ်လုပ်တဲ့Husabergကတော့ကုမ္ပဏီရဲ့ဆောင်ပုဒ်ကို "Pure Enduro"ဆိုပြီးပြောင်းလဲခဲ့ပါတယ်။ ၁၉၈၈မှာစတင်တည်ထောင်ခဲ့တဲ့ Husabergဟာ၂၀၁၃ခုနှစ်အရောက်မှာကုမ္ပဏီရဲ့၂၅နှစ်ပြည့်Anniversaryကို ကျင်းပပြီးHusabergဆိုတဲ့အမှတ်တံဆိပ်ကိုလည်းဖျက်သိမ်းလိုက်ပါတော့တယ်။အခုချိန်မှာတော့Husabergရဲ့နည်းပညာ၊ ဆိုင်ကယ်ထုတ်လုပ်ရာမှာအသုံးပြုတဲ့စက်ရုံမှထုတ်လုပ်ရေးစက်ပစ္စည်းများအပြင်Husabergရဲ့အမှတ်အသားအရောင်ဖြစ်တဲ့ အပြာရောင်နဲ့အဖြူရောင်ကိုပါHusqvarnaဆီသို့လွဲပြောင်းပေးခဲ့ပါတယ်။စုစုစည်းစည်းကျစ်ကျစ်လစ်လစ်ဖြစ်သွားအောင် ကုမ္ပဏီနှစ်ခုကိုတစ်ခုတည်းအဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီးHusqvarnaအမှတ်တံဆိပ်တစ်ခုတည်းကိုပဲအာရုံစူးစိုက်ပြီးထုတ်လုပ်လျက်ရှိပါတယ်။
Husqvarna(ဟာစကွားနား)ဆိုတာကဆွီဒင်မော်တော်ဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်ပြီးDirtBikeနဲ့Supermotoများကိုအဓိကထုတ်လုပ်ပါတယ်။
KTMမှHusqvarnaကိုဂျာမန်ကုမ္ပဏီBMWဆီက၂၀၁၃ခုနှစ်နှစ်ဦးပိုင်းမှာဝယ်ယူခဲ့တာပါ။၂၀၁၃အောက်တိုဘာလမှာတော့ Husaberg ကိုဖျက်သိမ်းHusqvarnaကိုပြန်လည်ဖွဲ့စည်းပြီးHusqvarnaစက်ရုံကိုMattighofenကိုပဲပြောင်းရွှေ့ခဲ့ကြပါတယ်။
၁၉၉၉မှာတော့Racing Dirt Bike တွေအတွက်4stroke,400ccနဲ့ 520cc အင်ဂျင် များကိုထုတ်လုပ်ခဲ့ပြီး Autolube ခေါ် Separate Lubrication စနစ်ပါတဲ့ 2stroke 125ccနဲ့200ccများကိုထုတ်လုပ်ခဲ့ပါတယ်။
Autolube ဆိုတာက 2stroke အင်ဂျင်တွေမှာ Premixed ခေါ်ဆီတိုင်ကီထဲမှာ 2T Oil ကိုတခါတည်းစပ်ပြီး ထည့်ရတာမဟုတ်ပဲ 2T Oil Tank နဲ့သီးသန့်ထည့်ထားရပြီး 2T Pump က
အင်ဂျင် ရုန်းအားအလိုက် Crankcase ထဲAutoဖြန်းပေးတာကိုပြောတာပါ။
KTMက125cc,200cc Autolubeတွေကို၂၀၀၂ခုနှစ်အထိသာထုတ်လုပ်ခဲ့ပြီး
နောက်ပိုင်းဆက်မထုတ်တော့ပါဘူး။Performanceအသားပေးတဲ့KTMရဲ့ 2stroke Dirt Bike များဟာPremixedနဲ့သာပိုပြီးသင့်တော်ပါတယ်။၂၀၀၁ခုနှစ်
မှာKTM Rider Fabrizio Meoni ဟာ Dakar Rally မှာ LC4 660R ကိုမောင်းနှင်ပြီး
အနိုင်ရရှိခဲ့ပါတယ်။Dakar Rally ဆိုတာကမိုင်ပေါင်း ၅၀၀၀ ကျော်မောင်းနှင်ရ
တဲ့ကမ္ဘာ့အခက်ခဲဆုံးလမ်းကြမ်းRallyပြိုင်ပွဲဖြစ်ပြီးမော်တော်ကားမော်တော်ဆိုင်ကယ်ATVတွေနဲ့ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိကြပါတယ်။Honda,Yamaha, KTM အစရှိတဲ့ကုမ္ပဏီကိုယ်စားပြု Factory Teams တွေအပြင် Privateer ခေါ် ဝါသနာ ရှင်များကလည်းမိမိစားရိတ်နဲ့ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။
အနိုင်ရရှိဖို့ မလွယ်ကူတဲ့ Dakar Rally မှာအောင်ပွဲတွေရရှိပြီး KTM လည်းနာမည်ကြီးလာပါ တယ်။၂၀၀၃ခုနှစ်မှာ V Twin 950 Adventure ကိုစတင်မိတ်ဆက်ခဲ့ပြီး ၂၀၀၄ နဲ့၂၀၀၅ခုနှစ်တွေမှာတော့ Naked Bike 990 Super Duke,950 Supermoto နဲ့ Super Bike 990 RC8 Venom တို့ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ ဟောလီးဝုဒ်မင်းသားတစ်ဦးတဲ့ Ewan McGregor နဲ့အင်္ဂလိပ်လူမျိုး နာမည်ကြီး ဆိုင်ကယ်သမားစာရေးဆရာဖြစ်တဲ့ Charley Boormanတို့ရဲ့မိုင်၁၉၀၀၀ကျော်၊ Londonမှ New Yorkအထိခရီးသွားမှတ်တမ်းTVseriesဖြစ်တဲ့ Long Way Round ကိုKTMရဲ့Adventureဆိုင်ကယ်များနဲ့ရိုက်ကူးဖို့ဖြစ်လာခဲ့ပါတယ်။Ewan McGregor က BMWရဲ့ဆိုင်ကယ်များကိုပိုပြီးသဘောကျပေမယ့် Motorcycle Specialist ဖြစ်တဲ့ Charley Boorman ကတော့ KTMကိုပဲထောက်ခံခဲ့ပါတယ်။ BMWနဲ့ KTM ဆိုင်ကယ်များကိုစိတ်ကြိုက်စမ်းသပ်ပြီးတဲ့နောက် BMW တွေ ထက် Reliable ပိုဖြစ်တဲ့KTMဆိုင်ကယ်များကိုရွေးချယ်ဖို့ဖြစ်လာခဲ့ပါတယ်။
BMW ကိုပိုကြိုက်တဲ့ Ewan McGregor ကဆိတ်ဆိတ်နေခဲ့ပေမယ့် Long Way Round ရိုက်ကူးရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ KTMရဲ့ Adventure Specialist Rider တစ်ယောက်မှ KTMကိုအကြောင်းကြားခဲ့ပါတယ်။ KTMမှ Ewan McGregor အင်တင်တင်ဖြစ်မှုအတွက်စိတ်ခုသွားပြီးဆိုင်ကယ်တွေမထောက်ပံ့တော့ဘူးဆိုပြီး Projectမှချက်ချင်းပဲထွက်သွားပါတော့တယ်။ဒီနေရာမှာပြောချင်တာက
KTMဟာဒီProjectကိုအစကတည်းကစိတ်သိပ်မပါပါဘူး၊ဘာလို့လဲဆိုတော့
သူ့ရဲ့ဘီးတွေဟာမိုင်တစ်သောင်းကိုးထောင်ကျော်ကို Survive မလုပ်နိုင်
လောက်ဘူးလို့ယူဆထားတဲ့အတွက်လည်းပါပါတယ်။တကယ်လို့ဒီProjectကိုလက်ခံလိုက်ပြီး လမ်းတစ်ဝက်လောက်ရောက်မှ Break Down ဖြစ်ရင်တော့
ကုမ္ပဏီအနေနဲ့ Image ကျမှာအသေအချာပဲလေ၊ပြီးတော့ဒီလောက်ဝေးလွန်း
တဲ့မိုင်အကွာအဝေးကိုလည်း KTM ကတစ်ခါမှမမောင်းခဲ့ဖူးတဲ့အတွက် အတွေ့ အကြုံလည်းမရှိသလိုအာမခံချက်လည်းမပေးနိုင်ဘူးလေ။အဲ့ဒါကြောင့် Ewan ကိုအကြောင်းပြပြီးProjectကိုငြင်းဆိုနိုင်ခဲ့တာပေါ့။နောက်ဆုံးမှာတော့BMWရဲ့ Adventure ဆိုင်ကယ်တွေဖြစ်တဲ့ R1150GS တွေနဲ့ပဲရိုက်ကူးခဲ့ရပါတယ်။ (R1150GS တွေလည်းလမ်းမှာခဏခဏ Break Downဖြစ်ခဲ့ပါတယ်၊Boorman နဲ့ Serviceကားပေါ်ပါလာတဲ့ BMW Mechanists တွေအတူပေါင်းပြီးပြင်ခဲ့ရပါ တယ်။) ၂၀၀၄ခုနှစ် Long Way Round ကို BMWR1150GS များနဲ့ရိုက်ကူးခဲ့ပြီး TVseries မှာအောင်မြင်မှုရရှိခဲ့ပါတယ်။ ၂၀၀၇မှာတော့ဒုတိယ series အဖြစ် ဥရောပမှအာဖရိကအထိနိုင်ငံပေါင်း၁၈နိုင်ငံကိုဖြတ်ကျော်ပြီး Long Way Down ကို BMW ရဲ့R1200GS များနဲ့ရိုက်ကူးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုပြန်ကြည့်ရင်တော့ BMWရဲ့Adventure ဆိုင်ကယ်များကိုလူသိများထင်ရှားလာစေပြီးဈေးကွက်အရ လည်းအောင်မြင်မှုအကြီးအကျယ်ရရှိစေခဲ့ပါတယ်။LWRနဲ့LWD TV series တွေ ကြောင့်နောက်ပိုင်းဆိုင်ကယ်သမားခရီးသွားတွေနဲ့Adventureဆိုင်ကယ်ချစ်သူတွေအကြား BMWရဲ့GSseriesတွေဟာအဓိကရွေးချယ်စရာဖြစ်လာပါတော့တယ်။ဒါဟာ KTM အတွက်တော့အလွန်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။နှစ်စဉ်နှစ် တိုင်းမှာလည်းKTMရဲ့Adventureမော်ဒယ်များဟာBMWရဲ့ Adventure GS များ နဲ့နှိုင်းယှဉ်ခံရပြီး GS များကိုသာပိုပြီးရွေးချယ်တာတွေ့ရပါတယ်။ ၂၀၀၃မှာ စထုတ်ခဲ့တဲ့ 950Adventure ကိုအဆင့်မြှင့်ပြီး၂၀၀၆ခုနှစ်မှာ 990 Adventure ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။၂၀၁၃မှာတော့နာမည်ကြီးမော်ဒယ်တစ်ခု ဖြစ်တဲ့ 1190Adventure ကိုစတင်ထုတ်ခဲ့ကြ ပြီးယခုလက်ရှိအထိထုတ်လုပ်နေဆဲ ဖြစ် ပါတယ်။
၂၀၁၅ခုနှစ်မှာနာမည်ကြီး Adventure ဆိုင်ကယ်ဖြစ်တဲ့ BMW R1200GS ကိုအပေါ်စီးကယှဉ်ပြိုင်နိုင်တဲ့ V Twin 1301ccရှိတဲ့ 1290 Super Adventure ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။Naked Bike Single Cylinder Duke series များကို Duke 620 (၁၉၉၃မှ၁၉၉၇အထိ)၊ Duke 640 (၁၉၉၈မှ ၂၀၀၇ အထိ)၊ Duke 690(၂၀၀၈မှ၂၀၁၁အထိ)၊ Duke 690 (၂၀၁၂မှ ၂၀၁၅အထိ)၊ Duke 690R (၂၀၁၃မှ၂၀၁၅အထိ)၊Duke 690 မော်ဒယ်အသစ်ကို 693cc နဲ့ ၂၀၁၆မှစတင်ပြီးထုတ်လုပ်လျှက်ရှိပါတယ်။
V Twin Naked Bike အဖြစ် နာမည် ကြီး 1290 Super Duke ကိုတော့၂၀၁၃ ခုနှစ်မှလက်ရှိအထိထုတ်လုပ်နေပါ တယ်။
၂၀၀၅ခုနှစ်မှာ ATV များထုတ်လုပ်တဲ့ Polaris Industries နဲ့ Partner များအဖြစ်
ကြေငြာပြီးနောက်ပိုင်းမှာတော့အဆင်မပြေမှုများဖြစ်ခဲ့ကြပါတယ်။၂၀၀၆မှာ
တော့KTM က 450cc နဲ့ 510cc ရှိ RFS ခေါ် Racing Four Stroke အင်ဂျင်များကို
Polaris ရဲ့ATV များအတွက်ရောင်းချခဲ့ရပါတယ်။၂၀၀၇မှာ India အခြေစိုက် Bajaj Auto Limited မှ KTMရဲ့ရှယ်ယာအချို့ကိုဝယ်ယူခဲ့ပြီး ၂၀၁၂ အရောက်မှာ တော့ရှယ်ယာပိုင်ဆိုင်မှုစုစုပေါင်း၄၇%အထိရှိလာပါတယ်။
အာရှတိုက်အထိ ဈေးကွက်ဖြန့်ကျက်တဲ့အနေနဲ့အိန္ဒယထုတ်Duke 200 များကို ၂၀၁၂မှာပဲ စ တင်ထုတ်လုပ်ခဲ့ပါတယ်။125cc Single Cylinder အင်ဂျင်တပ်ဆင်ထားတဲ့ Duke 125 များကိုလည်း ဥရောပဆယ်ကျော်သက် ဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။၂၀၁၃ခုနှစ်မှာအမေရိကားဈေးကွက်အတွက် Duke 390 နဲ့ Fairing ကာဗာများတပ်ဆင်ထားတဲ့ Sport Bike RC 200 နဲ့ RC390 ကို ဖြန့်ချီခဲ့ ပါတယ်။ Superbike အနေနဲ့ ၂၀၀၅ မှာ 990 RC8 Venom ကိုစတင်ထုတ် လုပ် ခဲ့ပြီး၂၀၀၈ခုနှစ်မှာ 1190 RC8 နဲ့ ၂၀၁၀မှ လက်ရှိအထိ RC8R တို့ကိုထုတ်လုပ် လျှက် ရှိပါတယ်။ Road Racing ပြိုင်ပွဲထောက်ပံ့မှုအနေနဲ့ ၂၀၀၇ခုနှစ် Red Bull Moto GP Rookies Cup ပြိုင်ပွဲမှာ 125cc Racing ဆိုင်ကယ်လေးများကို စတင် ပံ့ပိုးခဲ့ပြီး ၂၀၁၂ မှစတင်ပြီး အခုချိန်အထိပြိုင်ပွဲဝင်ဘီးများကို အပြည့်အဝ ထောက်ပံ့ပေးနေပါတယ်။ပြီးတော့ MotoGP ရဲ့ Moto3 Class အတွက် 250cc Single Cylinder 4Stroke ပြိုင်ဘီးများကို ၂၀၁၂ မှ လက်ရှိအထိထုတ်လုပ် ပေး လျှက်ရှိပါတယ်။Dirt Bike ပြိုင်ပွဲဝင်ဘီးများအနေနဲ့ Single Cylinder 50ccမှ 701cc အထိထုတ်လုပ်လျှက်ရှိပါတယ်။ KTM ဟာ Dirt Bike ပြိုင်ပွဲများဖြစ်ကြတဲ့ Motocross,Enduro,Trails,Motocross Free Style,Rally အစရှိသဖြင့်ကမ္ဘာပေါ် မှာရှိတဲ့ Dirt Bike ပြိုင်ပွဲ Class မှန်သမျှအတွက် Dirt Bike မော်ဒယ်မျိုးစုံကို ထုတ်လုပ်ပေးလျှက်ရှိပြီး Champion ဆုများ Winner ဆုများလည်းမရေမတွက် နိုင်အောင်ရရှိလျှက်ရှိပါတယ်။KTM ဟာ Dirt Bike များကို Engine Displacement အလိုက်၊Classအလိုက်၊မောင်းနှင်ရမယ့်လမ်းအမျိုးအစားအလိုက်ထုတ်လုပ် လျှက်ရှိပြီးကမ္ဘာပေါ်မှာတော့နံပါတ် (၁) Dirt Bike Manufacturer ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။
KTMရဲ့ လက်ရှိထုတ်လုပ်နေတဲ့မော်တော်ဆိုင်ကယ်များကတော့ Dirt Bike
Motocross ပြိုင်ပွဲအတွက် SXseries 2stroke (50,65,85,125,150,250)၊SX-F
4stroke (250,350,450) များကိုထုတ်လုပ်လျှက်ရှိပါတယ်။ Enduro ပြိုင်ပွဲများ
အတွက် XC ခေါ်Cross Country series 2stroke အတွက် (125,150,250,300)၊
EXC-F4stroke အတွက် (250,350,450,500,690EnduroR) များကိုထုတ်လုပ် လျှက်ရှိပါတယ်။Enduroနဲ့ Trails (မတ်စောက်တဲ့လမ်းတွေပေါ်မှာ မောင်းနှင် ယှဉ်ပြိုင်ရတဲ့အတွက် Rider အတွက်ထိုင်ခုံပါဖြုတ်ပြီးအပေါ့ပါးဆုံးပြုလုပ် ထား တဲ့ဘီး) Calss၂ခုကြားကွက်လပ်ကိုဖြည့်တဲ့အနေနဲ့ Enduroဘီးတွေလောက် မလေးလံ Trails ဘီးတွေလိုလည်းမဟုတ်တဲ့ Free ride series ဖြစ်တဲ့ Freeride 350နဲ့ Freeride 250R တို့ကိုလည်းထုတ်လုပ်ထားပါတယ်။ ဒါ့အပြင်အင်ဂျင် မပါပဲ လျှပ်စစ်မော်တာတပ်ဆင်ထားတဲ့ Freeride E-SX,E-XCနဲ့ E SM (Supermoto) တို့ကိုလည်းထုတ်လုပ်ထားတာတွေ့ရပါတယ်။ Supermoto အဖြစ် Street Legal လည်းဖြစ်ပြိုင်ပွဲလည်းဝင်နိုင်တဲ့ 690 SMCR ကိုလည်းထုတ်လုပ် ထားပါတယ်။ ခရီးဝေးသွား Adventure ဘီးများအနေနဲ့ V Twin အင်ဂျင်တပ် 1050 Adventure, 1190Adventure, 1190AdventureR နဲ့ 1290 Super Adventure တို့ကိုထုတ်လုပ်ထားပါတယ်။ Sport Tourer အနေနဲ့ 1290 Super Duke GT နဲ့ Super Naked Bike အဖြစ် 1290 Super DukeR တို့ကိုလည်း ထုတ် လုပ်ထားပါတယ်။Single Cylinder Duke series မျာအနေနဲ့ Duke125,200,390, 690 နဲ့ 690 DukeR တို့ကိုထုတ်လုပ်ထားတာတွေ့ရပါတယ်။ Supersport ဘီး များ အနေနဲ့ Duke အင်ဂျင်များတပ်ဆင်ထားတဲ့ RC125,200,390 တို့ကိုလည်း ထုတ်လုပ်ထားပါတယ်။
မော်တော်ဆိုင်ကယ်များတင်မကပဲ ၂ယောက်စီး ပြိုင် ကားအနေနဲ့ Audi ရဲ့ 2.0L Turbocharged အင်ဂျင်တပ်ဆင်ထားတဲ့ X-Bow ပြိုင်ကားလေးကိုလည်းထုတ်လုပ်ထားတာတွေ့ရပါတယ်။ Superbike 1190 RC8R ကိုတော့၂၀၁၅မော်ဒယ်အတွက်ပဲ ထုတ်လုပ်ထားပြီး ၂၀၁၆အတွက် ထုတ်ထားတာတော့မတွေ့ရသေးပါဘူး
KTM ဟာ Single Cylinder အင်ဂျင်တွေထုတ်တဲ့နေရာမှာတော့ နာမည်အကြီး
ဆုံးပဲ၊ Displacement 50cc ကနေ 690cc အထိထုတ်တယ်။ Single Cylinder
690cc ကို ဘယ် Manufacturer ကထုတ်လဲ။ ဘယ်သူမှမထုတ်နိုင်ဘူး။ KTM
တစ်ခုတည်းထုတ်တာ။(Supermoto ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဘီးတွေကို 700cc
အထိ ထုတ်ပါတယ်။) Husqvarna ထုတ်တယ် လာမပြောနဲ့။ Husqvarna TE 690 နဲ့ SM 690 အင်ဂျင်တွေဟာ KTM ရဲ့ Duke 690, SM 690 နဲ့ Enduro 690
အင်ဂျင်တွေယူသုံးထားတာ။ ဘာလို့လဲဆို Husqvarna ကို KTM ကဝယ်ထား
တာ၊ KTM ရဲ့နည်းပညာတွေနဲ့ပဲထုတ်တယ်။ Husaberg ကိုလည်းဝယ်ခဲ့တာပဲ
အခုတော့ဖျက်သိမ်းလိုက်ပီး
နောက်တစ်ခုက Suspension ၊ WP Suspension ဆိုတာ KTM ရဲ့အပိုင်ပဲ။
KTM နဲ့ Husqvarna ဘီးတွေမှာပဲသုံးတယ်။ အပြင်က အခြား Manufacturer တွေ
အတွက်မထုတ်ဘူး။ WP က ဂျာမနီမဟုတ်ဘူး။ ဒတ်ခ်ျ ကလာတာ။ နယ်သာလန် စက်ရုံက ထုတ်တာပြိုင်ဘီး သီးသန့်တွေအ
တွက်ပဲ။ Motocross SX,SX-F အတွက် PDS Linkless Suspensions တွေ၊ Enduro EXC,EXC-F တွေအတွက် (တချို့လည်း Link ပါတာရှိတယ်။) Rally ပြိုင်
ဘီးတွေအတွက်နဲ့ MotoGP RC16 အတွက်ပဲထုတ်ပေးပါတယ်။ ဩစတြီးယား
မှာရှိတဲ့ WP စက်ရုံက Made in Austria ဘီးတွေဖြစ်တဲ့ Street Legal Dirt Bikes တွေ Duke 690, Super Duke နဲ့ Adventure တွေအတွက် Suspensions တွေ
ထုတ်ပေးတယ်။ အိန္ဒိယမှာရှိတဲ့ WP စက်ရုံက Duke 200,390 နဲ့ RC 200,390
တွေအတွက်ထုတ်ပေးတယ်။ (အဲ့ဒါကြောင့် Duke RC 200,390 တွေရဲ့ WP
Suspension တွေဟာ Quality ပိုင်းမှာနည်းနည်းတော့ပြောစရာရှိပါတယ်။)
နောက်တစ်ခုက လမ်းကြမ်းသွား Dirt Bike တွေပဲ၊KTM က Dirt Bike မှာ နာမည် အကြီးဆုံးပဲ၊ ကျန်တဲ့ကောင်လိုက်မမှီဘူး။ International Motocross ပြိုင်ပွဲတွေ Enduro ပြိုင်ပွဲတွေမှာကြည့်လိုက်၊ လိမ္မော်ရောင်တွေချည်းပဲ။ နောက်တစ်ခုက 75° V Twin RC8 အင်ဂျင်၊ ဒီကောင်ကအရမ်းနာမည်ကြီးတယ်၊ Super Duke နဲ့ Adventure မော်ဒယ်တွေမှာသုံးတယ်။Horse Power နဲ့ Torque ကိုအချိုးညီညီ ထုတ်ပေးနိုင်တာတွေ့ရတယ်။ Ducati Monster တွေရဲ့ 90° L Twin အင်ဂျင် ထက်ပိုကောင်းတယ် ပိုပြီးလည်းအကြမ်းခံတယ်လို့ပြောလို့ရတယ်။ ဘာလို့လဲ ဆို RC8 အင်ဂျင်က Valves တွေကို Chain နဲ့မောင်းတာ၊ Ducati က Valves တွေ ကို Belt ကြိုးနဲ့မောင်းတာ၊ ဘာပဲပြောပြော သံမဏိချိန်းကြိုးနဲ့မောင်းတဲ့ RC8 အင်ဂျင်က ပိုပြီးအကြမ်းခံ တာရှည်ခံတယ်လို့ပြောလို့ရတယ်။( Panigale တွေ မပါ၊ Panigale တွေက ဒီအချက်တွေကြောင့် Belt ကြိုးမသုံးပဲ Chain ကြိုးနဲ့ ပဲ မောင်းပါတယ်။)
အိန္ဒိယ အခြေစိုက် Bajaj ကုမ္ပဏီဟာ KTM ကို 47% အထိပိုင်ဆိုင်နေတာ မမေ့
ပါနဲ့၊ အခုဆိုရင် 50% အထိရှိနေပါပြီး။ Bajaj ရဲ့လက်အောက်မှာ Hero, Hero Honda, Pulsar, Bajaj ,KTM အစရှိတဲ့ နာမည်တွေနဲ့ ဆိုင်ကယ်တွေထုတ်တာ
ကြောင့် Bajaj ဟာ ကမ္ဘာ့ နံပါတ်တစ် ဆိုင်ကယ်ထုတ်လုပ်သူဖြစ်ပါတယ်။ သူ့
နောက်မှာ Honda လိုက်ပါတယ်။အဲ့ဒါကြောင့် Duke 200,390 နဲ့ RC 200, 390
တွေဟာ 100% Made in India ဖြစ်ပါတယ်။ 200cc ကို အာရှအတွက်ရည်ရွယ် ပြီး 390cc တွေကိုတော့ USA ကိုအဓိကထားဖြန့်ပါတယ်။
အိန္ဒိယထုတ် KTM တွေအနေနဲ့ Build Quality နဲ့ Reliable မှာ ပြဿနာတော့
နည်းနည်းရှိပါတယ်။ KTM တွေဟာ service တော့အတော်လေးကို လိုအပ်ပါ
တယ်။ ပြိုင်ပွဲမှာအနိုင်ရနေတာလည်း service နိုင်လို့ပါ။ ၂နာရီ ၃နာရီလောက်
အပြင်းအထန်မောင်းပြီး ကျွမ်းကျင်တဲ့ Mechanists တွေက service လုပ်ကြရပါ
တယ်။ (ဒါကြောင့်လည်း အခု Dakar Rally မှာ Honda HRC Team ကို ကျော်ပြီး
အနိုင်ရနေတာပါ။)Universal Diagnosis Scanner Tool တစ်ခုဝယ်ပြီး ဆောင် ထားသင့်ပါတယ်။ (ကုမ္ပဏီက KTM Scanner မရခဲ့ရင်ပေါ့။) MS6050 သို့ MS5950 Scanner တစ်ခုကိုဝယ်ထားသင့်ပါတယ်။ MS6050 ဟာ USA made Scanner ဖြစ်ပြီး Ducati အပါအဝင် ထုတ်သမျှ Modern ဘီးတိုင်းကို Service ပေး နိုင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး Universal Motorcycle Scanner တစ်ခုဖြစ်ပြီး
Independent ဆိုင်ကယ်ဝပ်ရှော့တွေ၊ Stand Alone ဆိုင်ကယ်ဝပ်ရှော့တွေက
လာသမျှ ဆိုင်ကယ် Brand တိုင်းကို Service ပေးနိုင်ဖို့ဝယ်ထားကြပါတယ်။ ဈေး
ကတော့ သိပ်အများကြီးမဟုတ်ပါဘူး၊ Duke 200 ရဲ့ Show Room ဈေးလောက်
ပဲရှိပါတယ်။
အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ
Sharing knowledge is
developing mankind
By Lawrence
Peace
နောက်ထပ် သတင်းအသစ်များကို ကြည့်ချင်တယ်ဆိုရင်လဲ့ ဒီ Myanmar Motorcycle Page လေးကို Like လုပ်ပီး Follow နှိပ်ထားဖို့မမေ့နဲ့နော်
No comments:
Post a Comment